BEC-TERO TV

အချစ်မတော်တော့ ထောင်ဒဏ် ၁၀ နှစ်ကျမည့်ကိန်း

06 Nov 2017     1,672 Views


ရှန်ဟိုင်းမြို့ရှိ ဟိုင်းဝေးလမ်းမကြီးပေါ်တွင် စုံတွဲတစ်တွဲ မောင်းနှင်လာသော ကားအားရဲအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်ရာ မျောက်သားလေးနှစ်ကောင်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ ဝှက်ထားကြောင်းတွေ့ရှိရသဖြင့် မေးမြန်ရာ တိတိကျကျဖြေဆိုနိုင်ခြင်း မရှိသဖြင့် မင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးရာမှ အမှုမှန် ပေါ်ပေါက်ခဲ့သည်။


အဆိုပါမျောက်သားလေး နှစ်ကောင်ကို ရှန်ဟိုင်းအမျိုးသားသစ်တောဥယျာဉ်သို့ သြဂုတ်လတုန်းက သွားလည်စဉ် ခိုးဖမ်းလာခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် မျောက်လေးများကို ဆံပင်ပုံစံပြောင်းပြီး အဝတ်အစားဒီဇိုင်းမျိုးစုံ ဝတ်ပေးကာ သူတို့၏ အချစ်တော် အိမ်မွေးတိရိစ္ဆာန်လေးများအဖြစ် မွေးမြူထားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။


မျောက်ကလေးများအားစစ်ဆေးရာ တရုပ်နိုင်ငံတွင် ထိန်းသိမ်းရန် Level 2 အဆင့် သတ်မှတ်ထားသော Rhesus မျောက်အမျိုးအစားများ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ မျောက်ကလေးများအား ခိုးယူကာ အိမ်မွေးတိရိစ္ဆာန်အဖြစ် လှောင်ထားမှုဖြင့် အဆိုပါစုံတွဲဟာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ကျခံဖွယ်ရာရှိကြောင်း သိရှိရသည်။


 


06 Nov 2017     1,672 Views




RELATED

Most Popular of Special or Others

Most Popular of NEWS