BEC-TERO TV

လွှတ်တော်ဝင်းအတွင်း ACE ပိုင်စားသောက်ဆိုင်များနေရာတွင် ဆိုင်သစ်များ အစားထိုးဖွင့်လှစ်

07 Nov 2017     1,385 Views


နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း ACE လုပ်ငန်းစုပိုင်ဆိုင်သော စားသောက်ဆိုင်များ ရပ်နားလိုက်သဖြင့် အခြားစားသောက်ဆိုင် အသစ်များဖြင့် အစားထိုးဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ဝင်းအတွင်း ဖွင့်လှစ်ထားသော ACE ကုမ္ပဏီလုပ်ငန်းစုပိုင် ဘောဂသိဒ္ဒိစားသောက်ဆိုင်များ ကုမ္ပဏီ၏ သဘောဆန္ဒအလျောက် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ကာ ပိတ်သိမ်းပြောင်းရွေ့သွားခဲ့သည့်အတွက် အဆိုပါစားသောက်ဆိုင်များ နေရာတွင် အခြားစားသောက်ဆိုင်များဖြင့် အစားထိုးဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။

အသစ်ထပ်မံအစားထိုးဖွင့်လှစ်ခဲ့သော ဆိုင်များမှာ ရန်ကုန်စတိုင်၊ မောခမ်းနွယ်၊ စစ်မှန် နှင့် Peace တို့ဖြစ်ကြောင်း သိရှိရသည်။ Peace စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးခက်ထိန်က “ဆိုင်သစ်တွေဖွင့်ဖို့ရှိတယ်၊ လုပ်လိုသူတွေ လျှောက်လွှာတင်ဆိုတာနဲ့ တင်လိုက်တာပါ။ ကျွန်တော့မှာ အရင်ထဲက နေပြည်တော်မှာ Peace ဆိုတဲ့ တိုင်းရင်းသားအစားအသောက်တွေ ရောင်းချတဲ့ ဆိုင်လေးရှိပါတယ်၊ အခု လွှတ်တော်မှာ ထပ်ဖွင့်လိုက်တာပါ” ဟု ပြောကြားခဲ့သည်။

ဘောဂသိန္ဒိစားသောက်ဆိုင်များသည် လွှတ်တော်ဝင်းအတွင်း ဖွင့်လှစ်ရောင်းချနေတာ ၇ နှစ်ခန့်ရှိပြီဖြစ်ပြီး အောက်တိုဘာလတွင်းက ACE ကုမ္ပဏီ၏အကြီးအကဲ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ သုံးဦးတို့ လက်နက်နှင့် မူးယစ်ဆေးဝါးအမှုများဖြင့် ဖမ်းဆီခံခဲ့ရပြီးနောက် ဆက်လက်ရောင်းချရန် ဆန္ဒမရှိတော့ပဲ ပိတ်သိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 


07 Nov 2017     1,385 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS