BEC-TERO TV

အိမ်ထောင်ကျပေမယ့် အိမ်မှာထိုင်မစားချင်ဘူး ကိုယ့်ဝင်ငွေကိုရှာချင်တယ်ဆိုတဲ့ ဆုပန်ထွာ

07 Nov 2017     1,454 Views


ကလေး မွေးဖွား ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ပြန်လည် လုပ်ကိုင် လာတဲ့ သရုပ်ဆောင် ဆုပန်ထွာ ဟာ လတ်တလောမှာ မနေ့က ဖြစ်သည် ဇာတ်လမ်း တွဲ မှာ ပါဝင်သရုပ်ဆောင် ထားပါတယ် ။

သာယာတဲ့ မိသားစု ဘ၀ ကို ပိုင်ဆိုင်ထားတဲ့ အဓိက ကတော့အိမ်ထောင်ဦးစီး  စကားကိုနားထောင်တယ်  သူ့ရဲ့ ပျိုးထောင်မှုအောက်မှာ ကိုယ်ရော သားလေးပါ ပျော်ရပါတယ် . သူက အမတို့ကို မိသားစု နဲ့ ချစ်တတ်အောင်ပျော်အောင်သင်ပေးတယ် ။ အခု သားသားလည်းရလာတော့ ပိုပြီးတော့တောင် သာယာချမ်းမြေ့လာပါတယ် ။

အနုပညာအလုပ်က အာရုံက အရေးကြီးတော့ ကိုယ်က ရိုက်ကွင်းရောက်နေပေမယ့်လည်း သားနေလို့မှကောင်းရဲ့လား အဆင်ပြေရဲ့လားဆိုပြီး စိတ်နှစ်ခွဖြစ်နေရတယ် ။ ဒါပေမယ့် ကံကောင်းတာက အမေ ကလဲ သားလေးကို ကြည့်ပေးတယ် နပ်စ် မလေးတွေလဲ ရှိနေတော့ စိတ်ချရတယ် ။

အနုပညာအလုပ်တွေကို ပြန်လုပ်လာတာတော့ မကြာသေးပါဘူး ။ ကိုယ်က သရုပ်ဆောင်ဖြစ်တော့ ကာရိုက်တာတော့ မရွေးဘူး ဆေးစက်ကျရာ အရုပ်ထင်ရတယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ ကားတွေမှာ အိုက်တင်လုပ်လို့ ရမယ်ဆိုရင် ဘယ်လိုကာရိုက်တာပဲ ဖြစ်ဖြစ် ရိုက်သွားမှာပါ ။

သားလေးကို ခြောက်လ အရွယ်ထဲက နို့ဖြတ်လိုက်ပါပြီ ။ ဇာတ်ကားတွေ ရိုက်ဖို့ လာကမ်းလှမ်းတော့ ကိုယ်ကလည်း ရိုက်ချင်တယ် အိမ်ထောင်ကျပေမယ့်လည်း အိမ်မှာ ထိုင်မစားချင်ဘူး ။ ကိုယ့် အလုပ်ကို လုပ်ချင်တယ် ။ ကိုယ့်ဝင်ငွေကို ရှာချင်တယ် ။ အဲ့ဒါကြောင့် မိသားစုကို အချိန်ပေးတယ် ။ ကိုယ်ဝါသနာ ပါတဲ့ အနုပညာအလုပ်တွေကို လည်း လုပ်တယ် ။ အဲ့ဒိလို အချိန်တွေကို ခွဲဝေသွားမှာပါလို့ ပြောထားပါတယ် ။

 

Credit:Democracy 


07 Nov 2017     1,454 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment