ဂီတကိုပဲ ဦးစားပေးလုပ်မှာပါဆိုတဲ့ ရွှေထူး
07 Nov 2017 1,461 Views

ဂီတလောကမှာ နေရာတခု ရနေတဲ့ အဆိုတော် ရွှေထူးဟာ သရုပ်ဆောင်လောက ကိုလဲ ပက်ပကိစက်စက်ညို့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၀င်ရောက်လာပြီလဲ ဖြစ်ပါတယ် ။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ နှစ် နှစ်စာချုပ် ချုပ်ထားတယ်လို့လဲ သိရပါတယ် ။
ပက်ပက်စက်စက်ညို့ ကတော့ ၀ါသနာ အရ ရိုက်ဖြစ်သွားပြီး မင်းသားကလည်း ငယ်ငယ်ထဲက သဘောကျနဲ့ ကိုနေတိုး လဲ ဖြစ်နေတာကြောင့် ရလာတဲ့ အခွင့် အရေးကို လက်လွတ်မခံခဲ့ တာပါ ။ ရုပ်ရှင်ကားကြီးတွေ ဆက်ရိုက်ဖို့ ကမ်းလှမ်းခံရ ပြီး မိတ်ဆွေ အသိုင်းအ၀ိုင်း အကုန်လုံးကလည်း လုပ်စေချင်ကြတယ် ။ ကြိုးစားကြည့်စေချင်တယ်ဆိုတော့ လုပ်နိုင်မယ်ထင်လို့ ဇာတ်ကားတွေ ရိုက်ဖို့ လက်ခံလိုက်တာပါ ။
ဂီတ ကတော့ ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်း ၀ါသနာ ပါတဲ့ လုပ်နေကျအလုပ်တခု ၊ ရုပ်ရှင်ကတော့ ဂီတ ထက်စာရင် ကျွန်တော့် အတွက် ပိုခက်ခဲပါတယ် ။ တစ်ကားဆိုသလောက် သိသွားတယ် ရုပ်ရှင်ရိုက်ရတာ ဒိုင်ယာလော့လဲ ပြောရတယ် ပြောနေရင်းလဲ သရုပ်ဆောင်ရတယ် ။
မင်းသားတစ်ယောက်လို့တော့မခံယူထားပါဘူး ။ ကိုရွှေမန်းတို့ကလည်း ကျွန်တော့် ကို ဦးစားပေးပါတယ် ။ သူတို့ ပြောတဲ့ ဇာတ်လေးတွေ အပြင် ကျွန်တော် ရိုက်ချင်တာလေးတွေ ရှ်ရင်လည်း ရိုက်ပေးမယ်လို့ ပြောထားပါတယ်။ ဇာတ်ပြိုင်တွေ ရိုက်ရမယ်ဆိုရင်လည်း ဗီလိန် ဇာတ်ရုပ်တွေပဲ ရိုက်ချင်တယ် ။
ဂီတ ဘက်မှာလည်း ကြိုးစားဆဲ ၊ သင်ယူဆဲ ၊ လေ့လာနေဆဲ အဆင့်ပဲ ရှိပါသေးတယ် ။ အသက်ကလည်း ကြီးလာပြီဆိုတော့ ကိုယ်လုပ်နိုင်နေသေးတဲ့ အရွယ်မှာ လုပ်နိုင်တဲ့ အနုပညာ ကို ကြိုးစားကြည့်ချင်တာပါလောဘကြီးတာပါလို့ ပြောသွားခဲ့ ပါတယ် ။
Credit: Democracy