BEC-TERO TV

ပြသနာမှာ တွေကနေ ကာကွယ်ပေးခဲ့လို့ ကန်တော့ခဲ့တာပါလို့ပြောလာတဲ့ ရွှေအိမ်စည်

08 Nov 2017     1,507 Views


 အလှမယ် ရွှေအိမ်စည် နဲ့ ပတ်သတ်ပြီး လူမှု ကွန်ယက်မှာ ဝေဖန်မှုများစွာ ရှိခဲ့ သလို မကြာသေးမီ က ရွှေအိမ်သည် က အေးနေ၀င်း ကို ကန်တော့ ခဲ့တာကိုလည်းအားပေးကြတဲ့ သူတွေ ရှိသလို  ဝေဖန်မှုများစွာ ရှိခဲ့ ပါတယ် ။ အိမ်စည် က ထိုကိစ္စ နဲ့ ပတ်သတ်ပြီး  Miss Grand International ပြိုင်ပွဲစေလွှတ်ရန် ပြသနာများဖြစ်ပေါ်ခဲ့တုန်းက ကာကွယ်ပေးခဲ့တာကြောင့် အေးနေ၀င်းကို ကန်တော့ခဲ့တာပါလို့ လဲ ပြောထားပါတယ် ။


“ကိုအေးနေ၀င်းကလည်း ကိုယ့်ထက်အသက်ပိုင်းဆိုင်ရာမှာ အများကြီး ကြီးတဲ့ အတွက်ကြောင့် သူ့လည်း ကန်တော့သင့် ကန်တော့ထိုက်တဲ့ထဲမှာ ပါတယ် ဆိုပြီးတော့ ကန်တော့လိုက်တာပါ ။ တစ်ကယ်တော့ ကန်တော့သည်ဖြစ်စေ၊ မကန်တော့သည်ဖြစ်စေပါ ။ စိတ်ထဲမှာ အတိုင်းအတာတစ်ခု အထိကတော့ ကိုယ့်ထက်လည်းကြီးတယ်။ ရိုသေရမယ့်သူဆိုပြီးတော့ သတ်မှတ်ထားတာပါ။ ဒါကလည်း ယဉ်ကျေးမှုတစ်ခုအနေနဲ့ ကိုယ့်အမေကို ကန်တော့ရင်းနဲ့ပေါ့ ။ တစ်ကယ်တော့ စိတ်ထဲမှာမရှိဘူး ။ဒါပေမယ့်လည်း လက်ရှိ ဖြစ်သွားတဲ့ Miss Universe ကိစ္စတွေနဲ့လည်း ကိုယ့်ဘက်အရမ်းကို ကာကွယ်ပေးထားတယ်။ ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးထားတဲ့ အတွက်ကြောင့် အိမ်စည့် ဘက်က ကျေးဇူးတင်တယ်လို့ပဲ ထိုင်ပြောနေလို့တော့ မရဘူးပေါ့နော်။ ဒါ ရိုသေလေးစားမှုကို ဖော်ပြလိုက်တာပေါ့ ။” လို့ ပြောသွားခဲ့ ပါတယ် ။

Credit: Myanmar celebrity 


08 Nov 2017     1,507 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment