မိန်းကလေးတစ်ယောက်လို့ခံယူထားတဲ့ အတွက် မိန်းကလေးဇာတ်ရုပ်တွေမှာ ခက်ခဲမှုမရှိဘူးဆိုတဲ့ မျိုးကိုကိုစန်း
08 Nov 2017 1,422 Views

သရုပ်ဆောင် နယ်ပယ်ကို ၀င်ရောက်လာပြီဖြစ်တဲ့ Gay အလှမယ်မျိုးကိုကိုစန်း ဟာ လတ်တလော MTV တွေ ရိုက်ဖြစ်နေပြီး ကြော်ငြာတွေလည်း ရိုက်ကူးဖို့ ရှိပါနေပါတယ် ။ ကမ်းလှမ်းတာတွေများလာတဲ့ အတွက် အခွင့်အရေးရှိမယ် အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင်တော့ အကုန်လုံးကို လက်ခံဖြစ်ပါတယ်။ အနုပညာအလုပ်ကို စလုပ်တာဆိုတော့ ရွေးချယ်တာတော့သိပ်မရှိပါဘူး အခွင့်အရေးရသမျှတော့လုပ်ချင်တယ် ။
ကမ်းလှမ်းတာတွေကလည်း မိန်းကလေး ဇာတ်ရုပ်ပိုများပါတယ်။ မိန်းကလေး ဇာတ်ရုပ်သရုပ်ဆောင်ရတာလဲ အခက်အခဲတော့မရှိပါဘူး အရင်ကတည်းက ကိုယ့်ဘာသာ မိန်းကလေးတစ်ယောက်လိုခံယူထားတာဖြစ်တဲ့ အတွက် မိန်းကလေးတစ်ယောက်လို နေရတာက လုံးဝ အခက်အခဲမရှိပါဘူး ။
ခွဲစိတ်မှု လုပ်ထားပြီး ကျန်းမာရေး အခြေအနေကတော့ အေးဆေးပါပဲ ။ ကိုယ့်ဘာသာတော့ အရင်ထက်ပိုပြီး ကျန်းမာရေးကို ကရုစိုက်ရတယ် အစားအသောက်အနေအထိုင်က အစ အရမ်းဂရုတော့ စိုက်ရတယ် ။
ဝေဖန်မှုတွေ ရှိပေမယ့် ကိုယ့်ထက်တော်တဲ့ အနုပညာရှင်တွေတောင် ဝေဖန်ခံနေရသေးတာပဲ ။ ဝေဖန်တိုက်ခိုက်လာတဲ့ အထဲက တချို့ဝေဖန်တိုက်ခိုက်တာတွေက ဘ၀ သင်ခန်းစာတောင် ရပါသေးတယ် ။
ပရိတ်သတ်တွေကတော့ မိန်းကလေး ပရိတ်သတ်တွေပိုများတယ် ထင်မိတယ် ။ ရေးတင်လိုက်တဲ့ စာလေးတွေကို မိန်းကလေး ပရိတ်သတ်တွေ ပိုပြီး သဘော ကျ ကြတယ် ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်င်္ကျားလေးပဲ ဖြစ်ဖြစ် ညီမ ကို ၀န်းရံကြတာ ကျေးဇူး တင်ပါတယ် ဆိုပြီး ပြောသွားခဲ့ပါတယ် ။
credit:democracy