အငတ်ခံနေရတဲ့ ဘ၀ ပါဆိုတဲ့ ခင်ဇာခြည်ကျော်
08 Nov 2017 1,504 Views

အနုပညာလှုပ်ရှားမှုတွေ ပြန်လည်တွေ့လာရတဲ့ သရုပ်ဆောင်ကြီး ခင်ဇာခြည်ကျော် ဟာ အနုပညာလောကထဲကို ပြန်ဝင်လာတဲ့အချိန်မှာ အရင်နဲ့ မတူတော့တာတွေ တွေ့ရပါတယ်လို့ ပြောထားပါတယ်။ အရင်ကဆို အနုပညာရှင်တွေက အရမ်းရင်းနှီးကြတယ် မောင်နှမ အရင်းတွေလိုပဲ ။ အခုကျတော့ အလုပ်ပြီးရင်တစ်ယောက်နဲ့ တစ်ယောက် ဘာသိဘာသာ တွေ ဖြစ်ကုန်ကြတယ်။ ရင်းနှီးမှုတွေ ကွာသွားတယ် ။မိတ်ကပ် တွေ ရိုက်ကူးရေးစက်ပိုင်းတွေတော့ အများကြီး တိုးတက်ပြောင်းလဲလာပါတယ်။
အနုပညာရှင်တစ်ယောက် ဖြစ်နေတော့ ခန္ဓာကိုယ်ထိန်းသိမ်းရတာတွေ ရှိတော့ အရမ်းပင်ပန်းပါတယ်။ အမ တို့က ၀တဲ့ အမျိုးတွေဆိုတော့ နည်းနည်းစားရင်များများဝတယ် ။ ဇာတ်ကားရိုက်သွားရင်း ကြိုက်တဲ့ အစားလေးတွေ အများကြီး စားဖြစ်ရင် ပြန်ဝလာရော ၀ိတ်ပြန်ချရတယ် ။ အမရဲ့ဘ၀ က အစာအငတ်ခံနေရတဲ့ဘ၀ ဖြစ်နေပါတယ်။
အနုပညာလောက ကိုနောက်တခေါက်ပြန်ဝင်လာတဲ့ အတွက် ကျရာဇာတ်ရုပ်ကို ကိုယ့်အတွက်လုပ်ကွက်ရမယ်ဆိုရင် ဘယ်လို ဇာတ်ရုပ်မျိုးပဲ ဖြစ်ဖြစ်ရိုက်ကူးသွားမှာပါ ။ ဗီလိန်ဇာတ်ရုပ်ဆိုရင်လဲ ရိုက်မှာပါ ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်အလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေကို လုပ်ကြည့်မယ်ဆိုရင် အရမ်းအကျိုးရှိမယ်ထင်ပါတယ် ဆိုပြီး ပြောထားပါတယ်။
Credit:democracy