BEC-TERO TV

စင်ကာပူကျောင်းဆရာ ကျောင်းဥပစာအတွင်း တစ်ရက်ထဲမှာ သုံးကြိမ်တိုင်တိုင် ဗလက္ကာရလုပ်တဲ့ ကျောင်းဆရာတစ်ယောက် အမှုရင်ဆိုင်နေရ

08 Nov 2017     1,603 Views


ဆယ့်သုံးနှစ်သားကျောင်းသားတစ်ယောက်ကို ကျောင်းဥပစာအတွင်း တစ်ရက်ထဲမှာ သုံးကြိမ်တိုင်တိုင် ဗလက္ကာရလုပ်တဲ့ ကျောင်းဆရာတစ်ယောက် အမှုရင်ဆိုင်နေရပါတယ်။ အသက်၃၇နှစ်အရွယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းကဆရာတစ်ယောက်ဟာ ကျောင်းရဲ့ အနုပညာခန်းမှာ ကျောင်းသားကို ဗလက္ကာရပြုကျင့်လို့ တရားရုံးသုံးခုမှာ အမှုရင်ဆိုင်နေရပါတယ်။ သူဟာ ကျောင်းကနေလည်း ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ ကျောင်းသားရဲ့ သိက္ခာအတွက် ကျောင်း၊ ဆရာနဲ့ ကျောင်းသားနာမည်တွေကို ထုတ်ပြောခြင်းမရှိပါဘူး။ ၂၀၁၆ဖေဖော်ဝါရီ၁၇ရက် ညနေသုံးနာရီလောက်က ကျောင်းသားဟာ အခြားအခန်းဖော်နှစ်ယောက်နဲ့အတူ အနုပညာခန်းမှာ အနုပညာပရောဂျက်တစ်ခုကို လုပ်နေချိန်မှာ အဖော်နှစ်ယောက်က ထွက်သွားပြီး သူနဲ့ ဆရာနှစ်ယောက်သာ ကျန်ခဲ့ကြောင်း ခရိုင်တရားရုံးမှာ ကြားနားပါတယ်။ ဆရာက ကျောင်းသားရဲ့ရင်ဘတ်ကို ညှစ်ပြီး သူဒူးခေါင်းကနေတစ်ဆင့် ဘောင်းဘီအတိုအောက်ကနေ သူတင်ပါးကို ကိုင်ကြောင်း၊ သူ့ပေါင်ခြံကိုလည်းနှစ်ကြိမ်တိုင်တိုင်ကိုင်ကြောင်း ပြောပါတယ်။

ကျောင်းသားရဲ့ အတန်းပိုင်ဆရာမက အမှုရဲ့ ပထမဆုံးသက်သေအနေနဲ့ တနလာင်္နေ့က စစ်ဆေးခံခဲ့ပါတယ်။ ညကိုးနာရီခွဲလောက်မှာ ကျောင်းသားရဲ့ အမေက သူ့ဆီ ဒေါသတကြီးနဲ့ ဖုန်းဆက်ကြောင်း၊ သူ့အမေအသံဟာ တုန်လှုပ်ခြောက်ခြားနေပြီး သူ့သားကို ဆရာက ဗလက္ကာရလုပ်တယ်လို့ ပြောကြောင်း၊ ကျောင်းသားကလည်းသူ့ကို ဆရာပြုမူတဲ့အဖြစ်အပျက်ကို မိနစ်သုံးဆယ်လောက် ဖုန်းကတစ်ဆင့်ပြောကြောင်း ဆရာမက ထွက်ဆိုပါတယ်။ သည်အနုပညာဆရာက သူ့ကိုလိင်အာသာဖြေတာနဲ့ ပတ်သက်ပြီးမေးကြောင်း သူ့အတွင်းအဂါင်္တွေကို ထိကြောင်း ဆရာမကို ကျောင်းသားကပြောပြခဲ့ပြီး သူ အံ့သြသင့်ခဲ့ပြီး ပြောဖို့တောင်မသင့်တော်တဲ့ကိစ္စဖြစ်ကြောင်း ဆရာမက ပြောပါတယ်။ ကျောင်းအုပ်ဆရာမကြီးကိုလည်း တနလာင်္နေ့က စစ်ဆေးခဲ့ပါတယ်။ သူကတော့ သည်အမှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆို ခဲ့ပါတယ်။

သည်ဆရာကြောင့် ကျောင်းရဲ့ အနုပညာလုပ်ငန်းဟာ အလွန်အောင်မြင်ပြီး ကလေးတွေလည်း အနုပညာကို စိတ်ဝင်စားကြောင်း သည်ကိစ္စနဲ့ ပတ်သက်ပြီး နောက်တစ်နေ့ညမှ သူသိကြောင်း ပြောပါတယ်။ နောက်တစ်နေ့သူကို ခေါ်မေးချိန်မှာတော့ သူကျူးလွန်မိကြောင်း သည်ကိစ္စနဲ့ ပတ်သက်ပြီး အချက်လေးချက် ပြောပြခဲ့ပါတယ်။ သူက ကျောင်းသားကို ခြေမွှေးနဲ့ ပတ်သက်ပြီးပြောကြောင်း၊ အပြာကားကြည့်ဖူးလားမေးကြောင်း လိင်ဆက်ဆံဖူးလားမေးကြောင်း အရင်က လိင်အာသာဖြေဖူးလားမေးကြောင်း သူ့ကို ပြောပြတယ်လို့ဆိုပါတယ်။ ဆရာက ကျောင်းသားရဲ့ ပေါင်ကိုကိုင်တာ ၀န်ခံခဲ့ပြီး သည်ကိစ္စနဲ့ပတ်သက်ပြီး သူနောင်တရပြီး ကျောင်းသားနဲ့ မိဘကိုတောင်းပန်ချင်ပုံရကြောင်း သူကပြောပါတယ်။ အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ ကျောင်းသားကို ကလေးဆေးရုံအရေးပေါ်ဌာနက ဒေါက်တာလမ်းယောင်ချမ်က ကျောင်းသားမှာ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရှိကြောင်း ဗလက္ကာရလုပ်ခံရတယ်လို့သာ ထင်ကြောင်း ရဲအရာရှိကို ပြောကြားခဲ့ပါတယ်။ တရားရုံးကြားနာတာကို ဗုဒ္ဓဟူးနေ့မှာ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။ အသက်၁၄နှစ်ကလေးကို ဗလက္ကာရလုပ်တယ်လို့ အမှုထင်ရှားပါက ဆရာဟာ ထောင်ငါးနှစ်အထက်ကျခံရမှာ ဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် သို့မဟုတ် နှစ်မျိုးလုံးကျခံရနိုင်ပါတယ်။

Credit : kumudranews

 

 

 


08 Nov 2017     1,603 Views




RELATED

Most Popular of Special or Others

Most Popular of NEWS