BEC-TERO TV

စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဖြစ်တဲ့ စိုးရန်အောင်နဲ့ သက်သခင်

09 Nov 2017     1,373 Views


သရုပ်ဆောင် စိုးရန်အောင် နဲ့ သက်သခင် တို့ဟာ  ချစ်သူသက်တမ်း ၉ နှစ်နီးပါး ရှိနေပြီလဲ ဖြစ်ပြီး ယနေ့ ၉.၁၁.၂၀၁၇ ရက်နေ့  အင်းလျားလိတ်ဟိုတယ် မှာ စေ့စပ်ကြောင်းလမ်းမင်္ဂလာကို အောင်မြင်စွာ ကျင်းပခဲ့ ပါတယ် ။

 

သက်သခင် ကလည်း  “ ချစ်သူသက်တမ်းကြာလာတဲ့အခါ နားလည်မှုတွေပိုရှိလာပြီး မေတ္တာတရားတွေနဲ့ရှေ့ဆက်နိုင်အောင်ကြိုးစားသွားမှာပါ

သက်သခင်တို့က အလုပ်တူတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကအယူအဆမတူတာလေးတွေတော့
ရှိတာပေါ့လေ....။ဒါပေမယ့် နှစ်ယောက်လုံးက ချစ်ကြတော့ရန်ဖြစ်လည်းခဏပဲ ပြီးရင်စကားမပြောဘဲလည်းမနေနိုင်ကြဘူး..။

အဓိကတော့ တကယ်ချစ်တော့ နားလည်မှုတွေနဲ့ ညှိရတာပေါ့...။အခုတော့ သက်သခင်က အနုပညာအလုပ်တွေသိပ်တော့မလုပ်ဖြစ်တော့ဘူး..။နှစ်ယောက်ပေါင်းဖွင့်ထားတဲ့ My Pizza ဆိုင်အတွက်ဦးဆောင်နေပေးတယ်..ပြီးရင်တော့ သူ့ အနုပညာအလုပ်တွေအတွက် လိုအက်တာတွေ ဝိုင်းလုပ်ပေးပေါ့...။သူကားရိုက်နားတဲ့အခါကျရင်လည်း နှစ်ယောက်အတူဆိုင်အတွက်လိုတာတွေတိုင်ပင်ဖြစ်တယ်...။

စေ့စပ်ပြီးပြီဆိုတော့ မင်္ဂလာပွဲလည်း သိပ်မကြာတော့ပါဘူး...လို့” ပြောသွားခဲ့ ပါတယ် ။

  

credit shin

 


09 Nov 2017     1,373 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment