BEC-TERO TV

အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂဲလ် အကျင့်မကောင်းသူအဖြစ် စွပ်စွဲခံရ

10 Nov 2017     1,307 Views


ဟောလိဝုဒ် အက်ရှင်ရုပ်ရှင်မင်သားကြီး Steven Seagal ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုနဲ့ မင်းသမီးဟောင်းတစ်ဦးဖြစ်သူ Portia de Rossi က နိုဝင်ဘာလ ၉ ရက်နေ့က သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ စွပ်စွဲ​ပြောဆိုခဲ့ပါတယ်။

Portia de Rossi ဟာ Ally McBal ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော မင်းသမီးတစ်ဦး ဖြစ်ပြီး တီဗီရှိုးအဖြစ် အကြီးအကျယ်အောင်မြင်သော “The Ellen Show” ဖန်တီးရှင် Ellen Lee DeGeneres ရဲ့ ဇနီးလည်းဖြစ်ပါတယ်။


သူမကို Seven Seagal က ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် အေးရျင့်ကနေတစ်ဆင့် ဆက်သွယ်ပြီး သူ့ရဲ့ရုံးခန်းထဲမှာ တွေ့ဆုံစဉ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

သူက ကျွန်မကို ရိုက်ကွင်းပေါ်မှာမဟုတ်တဲ့ အချိန်မှာတောင် သရုပ်ဆောင် တစ်ယောက်နဲ့တစ်ယောက် အပေးယူ ညီမျှမှုရှိဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြီး ကျွန်မကို ထိုင်ခိုင်းတယ် အဲဒီနောက် သူ့ရဲ့ သားရေဘောင်းဘီဇစ်ကို ဆွဲဖြုတ်လိုက်တာပါပဲ၊ အဲဒါနဲ့ ကျွန်မလဲ ချက်ခြင်း ရုံးခန်းထဲက ပြေးထွက်ခဲ့ပြီး ကျွန်မရဲ့ အေးဂျင့်ကို အကြောင်းကြားလိုက်တယ်” လို့ Rossi က သူမရဲ့ လူမှုကွန်ယက် တွစ်တာပေါ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က လူသိရှင်ကြား ရေးသားခဲ့ပါတယ်။

အဆိုပါ စတေးတပ်စ်စာသားကို သူမရဲ့ ခင်ပွန်းဖြစ်သူ Ellen က ဖော်လိုဝါ ၇၅ သန်းကျော်ရှိတဲ့ သူမရဲ့ တွစ်တာမှာ ပြန်လည်ဝေမျှပြီး “ငါ့မိန်းမရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူတယ်” လို့ စာတန်းတပ်ပြီး တင်ခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ ပက်သက်ပြီး Steven Seagal ရဲ့ ကိုယ်စားလှယ်က ဘာမှတုံ့ပြန်ပြောကြားခြင်းမရှိသေးပါဘူး။

Sreven Seagal ဟာ ၂၀၁၀ ခုနှစ်တုန်းကလည်း အသက် ၂၃ နှစ်အရွယ် သူရဲ့လက်ထောက် အမျိုးသမီးတစ်ဦးက သူမအပေါ် လိင်ဖျော်ဖြေရေးအရုပ်သဖွယ် ဆက်ဆံခဲ့တယ်လို့ တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမက အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

၁၉၈၀ − ၁၉၉၀ ခုနှစ်များဆီက “Under Siege” “Above The Law” အစရှိတဲ့ဇာတ်ကားများနဲ့ ကမ္ဘာတစ်ဝှမ်း နာမည်ကျော်လူသိများလာတဲ့ မင်းသားကြီး Steven Seagal ဟာ ၂၀၁၀ ခုနှစ်တုန်းကလည်း အသက် ၂၃ နှစ်အရွယ် သူရဲ့လက်ထောက် အမျိုးသမီးတစ်ဦးက သူမအပေါ် လိင်ဖျော်ဖြေရေးအရုပ်သဖွယ် ဆက်ဆံခဲ့တယ်လို့ တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမက အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
 


10 Nov 2017     1,307 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS