BEC-TERO TV

နှစ်သက်တဲ့သူရှိသလို မနှစ်သက်တဲ့သူရှိတာ သဘာဝမို့ ဖီလင်မရှိပါဘူးဆိုတဲ့ ဒေါင်း

10 Nov 2017     1,284 Views


ပုဂံကို မှတ်တမ်းတင်မယ့် ဇာတ်လမ်းတွဲ တခုမှာ ပါဝင်မယ့် ဒေါင်း ဟာ “ ပုဂံကို မှတ်တမ်းတင်မယ့် ဇာတ်ကားမှာ ပါဝင်ခွင့်ရတာ ၀မ်းသာပါတယ် ။  ဦးမောင်နဲ့ ရိုက်ခွင့်ရတာကော ဇာတ်ကောင်ကိုလည်း ကြိုက်တာလဲ ပါပါတယ် ။ အပိုင်း ၂၀ ရိုက်မယ့် ဒီကားမှာ ပြင်ဆင်မှုတွေကတော့ လိုအပ်တာလေးတွေရှိပါသေးတယ် ။ အခုအချိန်မှာ ဇာတ်လမ်းတွဲ တခုတည်းကိုပဲ အာရုံစိုက်ထားတယ် ။ ဇာတ်လမ်းတွဲလို့လဲ မတွေးထားဘူး ဇာတ်ကားတစ်ကားလို့လဲ မတွေးထားဘူး ။ ကျွန်တော် လုပ်ချင်တဲ့ အလုပ်တခုကို လုပ်တယ်လို့ပဲ တွေးထားတယ် ။ တကယ် ဖြစ်နေတယ်ဆိုတဲ့ အရာတစ်ခုကို သရုပ်ဆောင်ရမှာ အဲ့ဒါက ကြိုးစားရမှာပါ ။ ဖြစ်နေတဲ့ အရာကို ဟန်ဆောင်ပြရမှာဖြစ်တဲ့ အတွက် ကိုယ့်ဘက်က တကယ်ဖြစ်တယ်လို့ ယူဆမှ ကြည့်တဲ့သူတွေက တကယ်ဖြစ်တယ်လို့ ထင်သွားမှာ .။ အဲ့ဒီ ဇာတ်ကားကို ငါ့ဘ၀ လို့ပဲ တွေးထားလိုက်ပါတယ် ။

ကျွန်တော် ပရိသတ် ကိုထားတဲ့ စိတ်ထားက အလုပ်နဲ့ မပတ်သတ်ဘူး ။ အလုပ်ကို တင်ဆက်တယ်ဖန်တီးတယ်ဆိုတာ ချစ်တဲ့ အနုပညာကို ဖန်တီးချင်တာ အဲ့တာကို နှစ်သက်တယ် ။ ချစ်တဲ့ ပြည်သူတွေ အားလုံးကို ကျွန်တော်ရိုက်တဲ့ဇာတ်ကားအားလုံးကို ပြည်သူအတွက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားတယ် ။

ဇာတ်ကားကို ရိုက်နေတဲ့အချိန်မှာ ကျွန်တော် အရာအားလုံး လစ်ဟာသွားတယ် အဲ့ဒါကို ကျွန်တော်ကို ချစ်တဲ့သူတွေ နားလည်မယ်လို့ထင်ပါတယ်။ ကျွန်တော် ရုပ်ရှင်ရိုက်မယ် ၊ သရုပ်ဆောင်မယ်  အနုပညာ ဖန်တီးမယ် ။ အဲ့ဒါတွေကို နှစ်သက်တဲ့ သူတွေ ရှိသလို မနှစ်သက်တဲ့ သူတွေလည်း ရှိမယ် ဒါသဘာဝတရားပါ ။ Feeling မထားပါဘူး ကျွန်တော်ချစ်တဲ့သူတွေအတွက် ကျွန်တော်လုပ်စရာရှိတာတွေ လုပ်သွားမှာပါ” လို့ ပြောသွားခဲ့ ပါတယ် ။ 

credit:oasis


10 Nov 2017     1,284 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment