BEC-TERO TV

WBC ချန်ပီယံဆုကိုပစ်မှတ်ထားလာခဲ့ပြန်တဲ့ ဂျိုရှုအာ

14 Nov 2017     1,344 Views


ဗြိတိန်လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်တဲ့ ဂျိုရှုအာဟာ လက်ရှိမှာတော့ WBC ချန်ပီယံဆုကိုပိုင်ဆိုင် ထားခဲ့တဲ့ ဒီယွန်တေ၀ိုင်ဒါကိုအနိုင်ထိုးသတ်ပြီး၊ WBC ချန်ပီယံဆုကိုရယူဖို့အတွက် ပစ်မှတ်ထားလာခဲ့တယ်လို့ ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ (၂၈) ရက်နေ့က စိန်ခေါ်သူပြင်သစ်နိုင်ငံသား တာကမ်းကို (၁၀) ချီမြောက် မှာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်အနိုင်ရရှိခဲ့ပြီး၊ ချန်ပီယံဆုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ဗြိတိန် နိုင်ငံသားဂျိုရှုအာဟာ လက်ရှိမှာတော့ ကစားသမားဘ၀ရဲ့နောက်ထပ်မှတ်ကျောက်တိုင်တစ်ခုကိုစိုက်ထူနိုင်ဖို့ အတွက်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဂျိုရှုအာဟာ (၂၀၁၇) ခုနှစ်အတွင်းမှာ နာမည်ကြီးလက်ဝှေ့သမား ကလစ် ရှ်ကိုအပါအ၀င် ပွဲစဉ် (၂) ပွဲထိုးသတ်ထားခဲ့ပြီး၊ (၂) ပွဲစလုံးကိုအနိုင်ရရှိအောင်ထိုးသတ်ထားနိုင်ခဲ့တာဖြစ်ပါ တယ်။ ဒါ့အပြင်လက်ရှိမှာလည်း WBC ချန်ပီယံဆုကိုရယူလိုတာကြောင့် WBC ချန်ပီယံဆုကိုပိုင်ဆိုင်ထားခဲ့တဲ့ ဒီယွန်တေ၀ိုင်ဒါကိုစိန်ခေါ်ထိုးသတ်သွားဖို့အတွက်စီစဉ်နေတယ်လို့ ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြတာဖြစ်ပါ တယ်။ ဒီယွန်တေ၀ိုင်ဒါဟာ ဂျိုရှုအာနဲ့ထိုးသတ်ဖြစ်ပါက ဂျိုရှုအာရဲ့ပြိုင်ဘက်ကောင်းဖြစ်လာဖို့ရှိနေခဲ့ပြီး၊ လက်ရှိ မှာအသက် (၃၂) နှစ်အရွယ်ရှိနေတဲ့ ဒီယွန်တေ၀ိုင်ဒါကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀မှာ ပွဲစဉ် ပေါင်း (၃၉) ပွဲအထိယှဉ်ပြိုင်ထိုးသတ်ထားခဲ့ပြီး၊ အဆိုပါပွဲစဉ် (၃၉) ပွဲစလုံးကိုအနိုင်ရရှိအောင်ထိုးသတ်ထားနိုင်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ WBC ချန်ပီယံဆုကို (၂၀၁၅) ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့ကယှဉ်ပြိုင်ထိုး သတ်ခဲ့တဲ့ ကနေဒါလက်ဝှေ့သမား ဘာမာနီစတီဗာနီကိုအနိုင်ရရှိခဲ့ပြီး၊ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပရော် ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ကို (၂၀၁၃) ခုနှစ်ကမှဝင်ရောက်လာခဲ့ပေမယ့်လည်း လက်ရှိမှာကစားသမားဘ၀ရဲ့အကောင်းဆုံးအသက်အရွယ်တစ်ခုကိုရောက်ရှိနေခဲ့တဲ့ ဂျိုရှုအာဟာလည်း လက်ရှိအချိန်အထိပွဲစဉ်ပေါင်း (၂၀) အထိထိုးသတ်ထားခဲ့ရာမှာ အဆိုပါပွဲစဉ် (၂၀) စလုံးကိုအနိုင်ရရှိအောင်ထိုးသတ်ထားနိုင်ခဲ့တာဖြစ်ပါ တယ်။ ဂျိုရှုအာကတော့ လက်ရှိမှာလက်ဝှေ့ပြိုင်ပွဲရဲ့ချန်ပီယံ ဆု (၃) ခုဖြစ်တဲ့ WBA, IBF နဲ့ IBO ချန်ပီယံဆုတွေကိုပိုင်ဆိုင်ထားခဲ့ပြီး၊ အခြားသောချန်ပီယံဆုနှစ်ခုဖြစ်တဲ့ WBC နဲ့ WBO ချန်ပီယံဆုတွေကိုဆွတ်ခူးနိုင်ဖို့ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဂျိုရှုအာနဲ့ ဒီယွန်တေ၀ိုင်ဒါ တို့ကိုထိုးသတ်ဖို့အတွက် ဘယ်အဖွဲ့အစည်းကမှစီစဉ်ထားခြင်းမရှိသေးပေမယ့်လည်း လာမယ့် (၂၀၁၈) ခုနှစ်၊ အစောပိုင်းလောက်မှာလည်း ထိုးသတ်သွားနိုင်ဖွယ်ရှိနေတယ်လို့ အားကစားကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2135924603100325/


14 Nov 2017     1,344 Views




RELATED

Most Popular of Boxing

Most Popular of Sport