ရည်းစားရှာပေးနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ပေးမည့် ငယ်ငယ်ချောချော စီအီးအို
14 Nov 2017 1,627 Views

အမေရိကန်ပြည်ထောင်စု ကယ်လီ ဖိုးနီးယားပြည်နယ်တွင်ကုမ္ပဏီတစ်ခု အောင်အောင်မြင်မြင် ဖွင့်ထားနိုင်သည့် အမျိုးသားတစ်ဦးက၎င်းကို ရည်းစားရှာ ပေးနိုင်သူအား ဒေါ်လာ ၁၀၀၀၀ ပေးမည် ဟုကြော်ငြာလိုက်သည်။ အမျိုး သမီးတစ် ဦးနှင့် မိတ်ဆက်ပေးနိုင်လျှင်ကို ဒေါ်လာ ၂၀၀၀ ပေးမည်ဟု ၎င်းက ဆိုသည်။ သို့ သော် ရည်းစားသက်တမ်း အနည်းဆုံး လေးလအထိခံမှသာ ဒေါ်လာ ၁၀၀၀၀ ပေးမည်ဖြစ်သည်။ ၎င်းလိုချင်သည့်အမျိုး သမီးသည် အရပ် ၅ ပေ ၉ လက်မအောက်၊ အသက် ၂၀ မှ ၃၀ တွင်း၊ ဟာသညာဏ် ရှိသူ၊ ပစ္စည်းဥစ္စာ မမက်သူဖြစ်ရမည်ဟု ၎င်းက ဆိုသည်။

၎င်းသည် ခရီးကြမ်း ထွက်ခြင်း၊ တင်းနစ်ရိုက်ခြင်းတို့ကို ဝါသ နာပါသည်ဟုလည်း ဂျိုးကိုဟန်က ဖော်ပြ ထားသေးသည်။ လူတို့သည် မိတ်ဆွေများ မှတစ်ဆင့်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ ဖူးစာဆုံသွားလေ့ ရှိသော်လည်း ကယ်လီဖိုးနီးယားတောင် ပိုင်းတွင်မိတ်ဆွေ နည်းခြင်း၊ မိမိသည် ကျောင်းသားအရွယ် မဟုတ်တော့ခြင်းနှင့် မိမိဝန်ထမ်းကို ကြိုက်ရန်လည်း မသင့် တော်ခြင်းတို့ကြောင့် မိမိသည် လက်တွဲ ဖော်ရှာရန် ခက်နေသည်ဟု ၎င်းကဆို သည်။
Credit >>pyimyanmarnews







