Breaking News! လှိုင်မြို့နယ် တိုက်ခန်းအတွင်း မိသားစုသုံးလောင်းပြိုင်တွေ့ရှိ
16 Nov 2017 1,725 Views

ရန်ကုန်တိုင်း လှိုင်မြို့နယ် (၉)ရပ်ကွပ်ရှိ လှိုင်သီရိအိမ်ရာ တိုက်ခန်းအတွင်း ပုတ်ပွနေသော အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ကနဦးသတင်းရရှိသည်။



မကေ ဟုခေါ်သောအမျိုးသမီး၏ မိသားစုများဖြစ်ပြီး မိသားစုဝင်လေးဦးမှာ အကြီးဆုံးသမီးတစ်ဦးမှာ ပျောက်ဆုံးနေပြီး ကျန်မိသားစုဝင်သုံးဦးမှာ သေဆုံးလျှက်တွေ့ရှိရကြောင်း သိရှိရကာ အသေးစိတ်ကို အတည်မပြုနိုင်သေးပဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်း −မဇ္ဇျိမ







