BEC-TERO TV

နည်းပြဗယ်ဗာဒီလက်ထက်မှာအလုံးစုံပြောင်းလဲလာတဲ့ ဘာစီလိုနာအသင်း

17 Nov 2017     1,630 Views


ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဗယ်ဗာဒီလက်ထက်မှာ တိုက်စစ်စွမ်းဆောင်ရည်ကော ခံစစ်စွမ်းဆောင် ရည်ပါ ကောင်းမွန်လာပြီး၊ယခင်နှစ်ကနဲ့မတူညီတဲ့ပြောင်းလဲမှုတွေကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ယခင်နှစ်ရာသီ နည်းပြအင်းနရစ်လက်ထက်မှာ လာလီဂါဆုဖလားကိုလက်လွှတ်ခဲ့ရတဲ့အပြင် ချန်ပီယံလိဂ်မှာ လည်းကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ နည်းပြသစ်ဗယ်ဗာဒီလက်ထက်မှာတော့ ပြောင်းလဲမှုတွေနဲ့အတူ ပုံစံကောင်းတွေပြသနေတာဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီ လာလီဂါ အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်သလို၊ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့် (၁) နေရာမှာရပ်တည်နေပါ တယ်။ဒါ့အပြင် ယခင်နှစ်ဘောလုံးရာသီက (၂) ကျော့လုံး သွင်းဂိုးတစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကို အုပ်စုအဖွင့်ပွဲစဉ်မှာ (၃) ဂိုးပြတ်အနိုင်ယူခဲ့သလို၊အုပ်စုပွဲစဉ် (၄) ပွဲပြီးဆုံးချိန်မှာ ရှုံးပွဲမရှိစံချိန်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်နေတာဖြစ်ပါတယ်။
ယခင်က နေမာ၊ မက်ဆီ၊ဆွာရက်ဇက်တို့ (၃) ဦး ခြေစွမ်းမပြသနိုင်ပါက သွင်းဂိုးတွေရရှိဖို့ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီမှာတော့ နေမာမရှိတော့ပေမယ့် လာလီဂါရဲ့သွင်းဂိုးအများဆုံးအသင်းအဖြစ်ရပ်တည်နေသလို၊အသင်းမှ ကစားသမား (၁၃) ဦးအထိ သွင်းဂိုးတွေ သွင်းယူထားနိုင်တာဖြစ်ပါတယ်။
 
ဒါ့အပြင် ယခင်နှစ်ဘောလုံးရာသီက လာလီဂါ (၁၁) ပွဲကစားပြီးချိန်မှာ ပေးဂိုး (၁၃) ဂိုးအထိ ရှိခဲ့ပေမဲ့ ယခုနှစ်ရာသီမှာ တော့ လာလီဂါပွဲစဉ် (၁၁) အပြီးမှာ ပေးဂိုး (၄) ဂိုးသာ ရှိနေတာဖြစ်ပါတယ်။ ယခင်နှစ်ရာသီက နောက်တန်းမှာ အမှားများစွာကျူးလွန်ခဲ့တဲ့ ၀ါရင့်နောက်ခံလူ ပီကေးကလည်း ယခုနှစ်ရာသီ မှာ ခြေစွမ်းကောင်းတွေပြသနေပြီး၊ လူငယ်ခံစစ်ကစားသမား အမ်တီတီနဲ့အတူ အသင်းရဲ့ခံစစ်ကိုအကောင်းမွန်ဆုံး တာဝန်ယူထားတာလည်း ဖြစ် ပါတယ်။

17 Nov 2017     1,630 Views




RELATED

Most Popular of Football

Most Popular of NEWS