BEC-TERO TV

ဆင်းရဲသားများ အင်တာနက်အခမဲ့သုံးနိုင်ရန် ထိုင်းအစိုးရစီစဉ်

17 Nov 2017     1,439 Views


အစိုးရအထောက်ပံ့ခံ ဆင်းရဲသားများ အင်တာနက်အခမဲ့ အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ထောက်ပံ့ပေးရန် ထိုင်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌါနက စီစီည်လျှက်ရှိကြောင်း ဘန်ကောက်ပိုစ့်သတင်းစာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

ဆင်းရဲသားများအတွက် ထုတ်ပေးရန်စီစဉ်နေသည့် ဆင်းမ်ကတ်များမှာ အင်တာနက်သာ သုံးစွဲနိုင်ပြီး ဖုန်းခေါ်ဆိုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ကြန်ကျစရိတ်ကို အစိုးရက ကျခံသွားမည်ဖြစ်ကာ အင်တာနက်သုံးစွဲမှုကိုလဲ ဒေတာအကန့်အသတ် ပြုလုပ်ထားမည်ဖြစ်ပြီး ဒေတာသတ်မှတ်ချက်အတွက် မဆုံးဖြတ်ရသေးကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတွင် တစ်နှစ်လုံးဝင်ငွေ ထိုင်းဘတ်ငွေ တစ်သိန်းအောက်ရသူများကို ဆင်းသားအဖြစ် အစိုးရကသတ်မှတ်ထားပြီး ထောက်ပံ့ကူညီပေးထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဆင်းရဲသားပြည်သူ ၁၁.၇ သန်းရှိနေပြီး အစိုးရက ၄၂ ဘီလီယံကို ထောက်ပံ့ကူညီငွေအဖြစ် သြဂုတ်လ ၂၉ ရက်နေ့က အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

ဆင်းရဲသားများအတွက် အလုပ်အကိုင်ဖန်တီးမှုအပြင် ပညာသင်ကြားရေးကိုလည်း စီစဉ်လျှက်ရှိပြီး ဆင်းရြသားများ ဘဝတိုးတက်မြင့်မားလောစေရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျှက်ရှိကြောင်း ဘဏ္ဍာရေးအမြဲတမ်းအတွင်းဝန် ဆုံချိုင်းက ညွှန်ကြားထားကြောင်း သိရှိရသည်။


17 Nov 2017     1,439 Views




RELATED

Most Popular of International News

Most Popular of NEWS