BEC-TERO TV

၅ နှစ်သမီးလေးရဲ့ နောက်ဆုံးဆန္ဒအဖြစ် မင်္ဂလာပွဲဖန်ဆင်းပေးတဲ့ မိခင်

17 Nov 2017     1,514 Views


အမေရိကန်နိုင်ငံ Connecticut မြို့က အသက် ၅ နှစ်အရွယ် Sophia Chiappalone ဆိုတဲ့ မိန်းကလေးဟာ မွေးရာပါ နှလုံးရောဂါကြောင့် သူမရဲ့ နောက်ဆုံးနေ့ရက်တွေကို ဆရာဝန်တွေကတောင် အတိအကျမပြောနိုင်တော့တဲ့ အနေအထားကို ရောက်နေပါတယ်။
အဲဒီလိုအခြေနေမျိုးမှာ သူမအဖြစ်ချင်ဆုံး အိမ်မက်ဆန္ဒတစ်ခုကို မိသားစုတွေက ဝိုင်းဝန်း အကောင်အထည်ဖော်ပေးခဲ့ပါတယ်။


Sophia ဟာ အသက် ၂ နှစ်အရွယ်လောက်ထိပဲနေရလိမ့်မယ်လို့ ခန့်မှန်းထားပေမယ် သူမဟာ ဝေဒနာကို အံတုရင်း အသက်ဆက်လာခဲ့တာ အခုဆိုရင် ၅ နှစ်အရွယ်ရောက်လာခဲ့ပါပြီ။ သူမဟာ မွေးစကထဲက ဆေးရုံကို မကြာခဏတတ်ခဲ့ရပြီး နှလုံးခွဲစိတ်မှု ၄ ကြိမ်တိတိ လုပ်ခဲ့ရပါတယ်။ ဒါဟာ ကလေးရဲ့အသက်အရွယ်နဲ့ဆို အလွန့်အလွန်များတဲ့ ခွဲစိတ်မှုပဲဖြစ်ပါတယ်။


သူမရဲ့ နောက်ဆုံးဆန္ဒ အိမ်မက်ကတော့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Hunter ဆိုတဲ့ ကလေးလေးနဲ့ မင်္ဂလာပွဲဆင်နွှဲလိုတာပဲဖြစ်ပါတယ်။ Sophia ရဲ့ မိခင်ဖြစ်သူက သမီးငယ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ Hunter ရဲ့ မိဘတွေကို အကူညီတောင်ခံတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ wedding photo ရိုက်ဖို့ ခွင့်ပြုပေးခဲ့ကြပါတယ်။
 



Sophia ရဲ့ မိခင်ဖြစ်တဲ့ Kristy က ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာမ Marisa Balletti-Lavoie ကို ငှားရမ်းပြီး မင်္ဂလာမောင်နှံဓါတ်ပုံတွေ ရိုက်ကူးစေခဲ့ပြီး သူ့သမီးလေးအတွက် အကောင်းဆုံးနေံတစ်နေ့ကို ဖန်တီးပေးပါတယ်။


ကလေးငယ်နှစ်ဦးစလုံးကို သတို့သား၊ သတို့သမီးပုံစံ ဝတ်ဆင်စေပြီး ပန်းခြံထဲမှာ တစ်ကယ့်မင်္ဂလာပွဲပုံစံ ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးစလုံး ပြေလွှားဆော့ကစားရင် သူတို့ရဲ့ အပျော်ဆုံး နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။
Kristy ကတော့ သမီးငယ်လေးကို ကြည့်ရင်း ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း သမီးငယ်လေးကို ကြည့်နေခဲ့ပါတယ်။
 


ဒီမြင်ကွင်းဟာ သမီးငယ်လေးကို မင်္ဂလာဝတ်စုံနဲ့ နောက်ဆုံးမြင်ရမယ့်မြင်ကွင်းလာဆိုတဲ့ အတွေးက သူမကို ခြောက်ခြားဝမ်းနည်းစေခဲ့ပါတယ်လို့ ဆိုပါတယ်။


သမီးငယ် Sophia အတွက်တော့ အရာရာဟာ ဘာမှသေချာမှုမရှိပါဘူး၊ ဒါပေမယ့် သူမရဲ့ အိမ်မက်လေး တစ်ကယ်ဖြစ်လာတယ်ဆိုတဲ့ အသိကတော့ သူမကို နှစ်သိမ့်ကျေနပ်စေမှာ အမှန်ပဲဖြစ်ပါတယ်။
အခုဆိုရင် Sophia ဟာ နှလုံးထပ်မံခွဲစိတ်ရဦးမှာဖြစ်ပြီး သူမအသက်ရှင်ခွင့် ရပါဦးမလားဆိုတာ ဘယ်သူမှ အာမခံချက်မပေးနိုင်တဲ့ အခြေနေမှာရှိနေပါတယ်။

ချစ်စရာ သနားစရာကောင်းတဲ့ Sophie ရဲ့ မင်္ဂလာဓါတ်ပုံတွေကိုလည်း ဆက်လက်ကြည့်ရှုပါဦး။

 


 


17 Nov 2017     1,514 Views




RELATED

Most Popular of Special or Others

Most Popular of Life Style