အခြေခံပညာကျောင်းသား/သူများအား ရိုက်နှက်ဆုံးမခွင့် (လုံးဝ)မပြုရန် ပညာရေးဝန်ကြီးညွှန်ကြား
21 Nov 2017 1,440 Views

အခြေခံကျောင်းသား၊ ကျောင်းသူများကို ဆုံးမရာတွင် တုတ်ဖြင့်ဖြစ်စေ၊ အခြားမည်သည့်အရာမျိုးနှင့်မဆို ရိုက်နှက်ဆုံးမခြင်းမပြုရန် ပညာရေးဝန်ကြီးဌါနမှ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ထိုင်ထပြုလုပ်စေသော အပြစ်ပေးနည်းမျိုးကိုလည်း အတန်းကြီးငယ်အလိုက် အကန့်အသတ်ဖြင့်သာ ပြုလုပ်ရန်ညွှန်ကြားထားကြောင်း သိရှိရသည်။ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို အကြောင်းတစ်ခုခုကြောင့် ထိုင်ထ အပြစ်ပေးမည်ဆိုပါက −
(က) သတ္တမတန်းမှ ဒဿမတန်းအထိ (ကျား − ၁၅ကြိမ်) (မ − ၁၀ကြိမ်)ထက် မပိုစေရ။
(ခ) စတုတ္ထတန်းမှ အဋ္ဌမတန်းအထိ (ကျား − ၅ကြိမ်) (မ − ၅ကြိမ်)ထက် မပိုစေရ။
(ဂ) တတိယတန်းကို (ကျား − ၃ကြိမ်) (မ − ၃ကြိမ်)ထက် မပိုစေရ။
(ဃ) သူငယ်တန်းမှ ဒုတိယတန်းထိ ကျောင်းသား၊ ကျောသ်းသူများကို နှုတ်ဖြင့်သာ ဆုံးမရမည်ဖြစ်ပြီး ထိုင်ထအပြစ်ပေးခြင်းများ မပြုလုပ်ရန် သတ်မှတ်လိုက်ပြီဖြစ်သည်။