BEC-TERO TV

မွေးကင်းစကလေးငယ်(၄)ဦးကို ကွန်ကရစ်လောင်းပြီးသတ်ခဲ့ကြောင်း ဂျပန်မိခင်ဝန်ခံ

21 Nov 2017     1,723 Views


သားသမီးငယ် (၄)ဦးကို ပုံးထဲထည့်ကာ ကွန်ကရစ်လောင်းချခဲ့ပြီးနောက် သူမ၏ နေအိမ်တိုက်ခန်းထဲတွင် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ဖွက်ထားခဲ့သည့် အမျိုးသမီးတစ်ဦးကို နိုင်ဝင်ဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံတွင် ဖမ်းဆီးခဲ့သည်။

မာယူမီစိုင်းတို (၅၃ နှစ်) က ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ သူမရဲ့ မွေးကင်းစ ကလေးငယ် (၄)ဦးကို ကွန်ကရစ်လောင်းကာ သတ်ပစ်ခဲ့ကြောင်း ရဲကိုဝန်ခံပြောကြားခဲ့သည်။ ထိုအချိန်က သူမတွင် စီးပွားရေးအရမ်းခက်ခဲလွန်းသဖြင့် ကလေးတွေကို မစောင့်ရှောက်နိုင်သည့်အဆုံး ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း ရဲစခန်းသို့ သူမကိုယ်တိုင် လာရောက်အဖမ်းခံပြီး ထွက်ဆိုခဲ့ဖြင်းဖြစ်သည်။

သူမ၏အိမ်ခန်းကို စုံစမ်းစစ်ဆေးမှုများး ပြုလုပ်ခဲ့ရာ ကွန်ကရစ်လောင်းထားသော ပုံးလေးပုံးကို သူမ၏ အဝတ်ဘီရိုထဲက တွေ့ရှိခဲ့ကြပြီး ပုံးထဲတွင် မွေကင်းစကလေးသဏ္ဍန်တွေ့ရကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ အဆာဟိရှင်ဘမ်းက သတင်းပို့ခဲ့သည်။

ရဲတွေက သူမဟာကလေးကို တစ်ကယ်ပဲသတ်ခဲ့တာလား၊ ဒါမှမဟုတ် မွေးလာထဲက အသေလေးတွေလားဆိုတာကို မေးမြန်လျှက်ရှိပါတယ်။ သူမဟာ လက်ရှိမှာ သားတစ်ဦးနဲ့ အတူနေထိုင်လျှက်ရှိပြီး ဒီလောက်နှစ်အကြာကြီးနေမှ ရဲစခန်းမှာ ဘာကြောင့် လာရောက်အဖမ်းခံခဲ့တယ်ဆိုတာကို နားမလည်နိုင်ဖြစ်နေကြပါတယ်။

“ကျွန်မသူတို့ကို ကြီးပြင်းအောင်မွေးနိုင်မှာ မဟုတ်ဘူးလို့ထင်ခဲ့တယ်၊ အဲဒီအချိန်က ကျွန်မအနားမှာ တိုင်ပင်ပြောဆိုဖို့ တစ်ယောက်မှမရှိခဲ့ဘူး” ဟု NHK သတင်းဌါနကို ပြောကြားခဲ့ပါတယ်။


21 Nov 2017     1,723 Views




RELATED

Most Popular of International News

Most Popular of NEWS