ပုဂံ ဘုရားတွေ ပြုပြင်တဲ့ ကိစ္စ ဖူးစုံ ပြန်ပြောပြီ …..
22 Nov 2017 1,556 Views
ပုဂံဘုရားတွေ ပြန်လည် မွန်းမံ တာနဲ့ ပတ်သတ်ပြီး ဝေဖန်မှု များစွာ ခံနေရတဲ့ ဖူးစုံ ဟာ အခုလိုပဲ ပြန်လည် ရှင်းပြထားပါတယ် ။
“ကျွန်မ ဘုရားကို ရှေးမူလက်ရာအတိုင်း ပြန်လည်မွမ်းမံတာပါရှင်။ ဘုရားကို ယခုလိုရောင်တော်ဖွင့်ဖို့ အတွက် ရှေးသု ရုံးချုပ်နေပြည်တော်ကို စာတင်ရပါတယ်။ အဲ့ကနေမှ တဆင့် ရှေးသု ရုံးခွဲ ပုဂံ စာထပ်တင်ရပါတယ်။ အဆင့်ဆင့် စာတင်ပြီး ကာမှ ပန်းရံ ပညာရှင်တွေ ကို ရုံးချုပ်ကပဲ ချပေးပါတယ်။ ဘာမှထိခိုက် မှု့ မရှိဖို့ကို လက်မှတ်ထိုးထားရပါတယ်။ တာဝန်ယူထားရပါတယ်။ ကျွန်မတို့ သဘောနဲ့ ရှေးအမွေအနှစ်များကို ဘာမှ မထိခဲ့ပါရှင်။ ကျေးဇူးတင်ပါတယ်။ ဘုရားကြီး တင့်တယ်သပ္ပါယ်ဖို့နဲ့ ဘုရားဖူးပြည်သူတွေ ပိုမိုကြည်ညို စေရန်ဖြစ်ပါတယ်ရှင်။”
Credit: myanmar celebrity





