BEC-TERO TV

မြောက်ကိုရီးယားတွင် အရက်သောက်သုံးခြင်းနဲ့ သီချင်းသီဆိုမှုကို ကင်မ်ဂျုံအန် တားမြစ်

22 Nov 2017     1,324 Views


နောက်ဆုံးထွက်ပေါ်လာသော သတင်းအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က လူအများတွေ့ဆုံ စုစည်းကာ အရက်သောက်ခြင်း၊ သီချင်းသီဆိုခြင်းနဲ့ အခြားသော ဖျော်ဖြေးရေးများကို တားမြစ်လိုက်ကြောင်း ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်သည်။


မြောက်ကိုရီးယားတွင် နေထိုင်သူများ၏ လူမှုဘဝများ ပိုမိုတင်းကြပ်လာပြီး ခရီးသွားမှုများ လျှော့ချဖြတ်တောက်ထားသကဲ့သို့ နိုင်ငံပြင်ပကဆက်သွယ်ရေးပစ္စည်းပိုင်ဆိုင်ထားခြင်းတို့အပေါ် မပြတ်စောင့်ကြည့်ကာ အပြစ်ပေးလျှက်ရှိသည်။
ပြုံယမ်းဘီယာသောက်ပွဲကို ပယ်ဖျက်ခဲ့ပြီး လအတန်ငယ်အကြာမှာ ယခုကဲ့သို့ ဥပဒေဖြင့် တားမြစ်ခြင်းများ ပေါ်ထွက်လာခဲ့သည်။

 

မြောက်ကိုးရီးယားအစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိအချို့လည်း စစ်တပ်ရဲ့ အထွေထွေနိုင်ငံရေးဗျုရိုက ကိုင်တွယ်စစ်ဆေးပြီး အပြစ်ပေးခံရမှုများရှိကြောင်း တောင်ကိုရီးယား စစ်သတင်းထောက်အေဂျင်စီမှ သတင်းပေးပို့ခဲ့သည်။ အပြစ်ပေးခံရသူများထဲတွင် ဗျူရိုမျ အရာရှိချုပ် Hwang Pyong So နှင့် ဒုအရာရှိချုပ် Kim Won Hong တို့လည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် မည်ကဲ့သို့သော ပြစ်ဒဏ်များပေးခဲ့သည်ကို ဖော်ပြထားခြင်းမရှိပဲ ချန်လှပ်ထားခဲ့သည်။ ရရှိထားသော သတင်းများအရ မြောက်ကိုရီးယား အာဏာရှင်စစ်ခေါင်းဆောင်များအကြား အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်နေပုံရကြောင်း ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။


တောင်ကိုရီးယား စစ်သတင်းထောက်အေဂျင်စီမှ မြောက်ကိုရီးယား ဒုံးကျည်လက်နက်အသစ် တည်ဆောက်မှုကို ပို၍အနီးကပ်စောင့်ကြည့်လျှက်ရှိပြီး ယခုနှစ်အတွင်း အာကာသငြိမ်းချမ်းရေးနဲ့ဖွံ့ဖြို့းရေး အစီစအစဉ်ခေါင်းစဉ်တပ်ပြီး ဒုံကျည်တစ်ခုခု အချိန်မရွေး ပစ်လွှတ်နိုင်သည်ဟု ပြောဆိုခဲ့သည်။


 


22 Nov 2017     1,324 Views




RELATED

Most Popular of International News

Most Popular of NEWS