BEC-TERO TV

စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုအတွက် နစ်နာကြေး ဒေါ်လာ ၉၅ သန်းပေးရန် လေကြောင်းလိုင်းများသဘောတူ

23 Nov 2017     1,395 Views


၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာအဆောက်အအုံပိုင်ရှင် လယ်ရီးဆေးဗားစတိန်းကို ဒေါ်လာ ၉၅ ဒသမ ၁ သန်း လျော်ကြေးပေးရန် American လေကြောင်းလိုင်းနှင့် United လေကြောင်းတို့က သဘောတူလိုက်ပြီဖြစ်ပြီး ၁၃ နှစ်ကြာတရားတဘောင်အငြင်းပွားရမှုအဆုံး သတ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက် AFP  သတင်းကဆိုပါတယ်။အဆိုပါသဘောတူညီချက်သည် ခရိုင်တရားသူကြီးအယ်လ် ဗင်ဟယ်လာစတိန်း၏ အတည်ပြုမှုရယူရန် လိုအပ်နေသေးသည်။

လေကြောင်းလိုင်းများအနေဖြင့် လျော်ကြေးပေးရမည့် ဒေါ်လာ ၉၅ သန်းအနက် တချို့တစ်ဝက်ကိုအာမခံကုမ္ပဏီများထံမှရရှိမည်ဟုလည်းတရားရုံးမှတ်တမ်းများအရ သိရသည်။ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တည်ရှိရာမြေကွက်ကို နယူးယောက်နှင့် နယူးဂျာစီဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကပိုင်ဆိုင်သည်။ဆေးဗားစတိန်းသည် တိုက်ခိုက်မခံရမီ သီတင်းပတ်ခြောက်ပတ်အလိုတွင် ၉၉ နှစ်ကြာ မြေကွက်ငှား ရမ်းမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။၎င်း၏ကိုယ်ပိုင်အာမခံများမှလည်း ဒေါ်လာ ၄ ဒသမ ၅၅ ဘီလီယံရရှိခဲ့ပြီးဖြစ်သည်။ထိုသို့ ရရှိရန် နှစ်နှင့်ချီပြီးအချေအတင်အငြင်းပွားခဲ့ရသည်။

Soure : Democracy

 


23 Nov 2017     1,395 Views




RELATED

Most Popular of International News

Most Popular of NEWS