BEC-TERO TV

အမေရိကန်ရေတပ်ကုန်တင်လေယာဉ် ဖီလစ်ပိုင်ပင်လယ်ထဲပျက်ကျခဲ့ (၈)ဦး ကယ်တင်နိုင်ခဲ့

23 Nov 2017     1,631 Views


အမေရိကန်ရေတပ်မှ လူ(၁၁)ဦး လိုက်ပါလာသော သယ်ယူပို့ဆောင်ရေး ကုန်တင်လေယာဉ်တစ်စီး အမေရိကန်လေယာဉ်တင်သင်္ဘော “ရော်နယ်ရေဂင်” ဆီသို့ ပျံသန်းစဉ် ဂျပန်နိုင်ငံအနီး ဖီလစ်ပိုင်ပင်လယ်ထဲသို့ နိုဝင်ဘာလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့)က ပျက်ကြခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်ရေတပ်သင်္ဘောအုပ်စု၏ အဆိုအရ လူ(၈)ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျန်(၃)ဦးကို ဆက်လက်ရှာဖွေနေလျှက်ရှိပြီး ကယ်ဆယ်ထားသူများအားလုံးကို ဆေးကုသနိုင်ရန် “ရော်နယ်ရေဂင်” လေယာဉ်တင်သင်္ဘောသို့ ပြောင်းရွေ့ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

USS Ronald Reagan


ရေဂင်သင်္ဘောအမှုထမ်းများနဲ့အတူ ဂျပန်ဘက်မှအဖွဲ့များ ပူပေါင်းကာ ပျောက်ဆုံးနေသူ သုံးဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ အမေရိကန်စစ်ဘက်မှ အကြီးတန်းအရာရှိများ၏ အဆိုအရ လေယာဉ်မှာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ရကြောင်း NHK သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ပျက်ကျခဲ့သည့် C-2A Grayhound လေယာဉ်မှာ ကုန်ပစ္စည်းများနဲ့ လူအသယ်အပို့လုပ်ရန် တည်ဆောက်ထားသော အင်ဂျင်နှစ်လုံးတပ်လေယာဉ်ဖြစ်ပြီး အိုကီနိုတိုရီကျွန်း၏ အနောက်မြောက်ဘက်  ၉၃ မိုင်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


23 Nov 2017     1,631 Views




RELATED

Most Popular of International News

Most Popular of NEWS