BEC-TERO TV

ဒိုတာဂိမ်းကောင်းကောင်းဆော့နိုင်သူတွေဟာ ဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း လေ့လာတွေ့ရှိ

23 Nov 2017     1,337 Views


ဗီဒီယိုဂိမ်းကစားတာဟာ ကလေးတွေအတွက် ဘာအကျိုးမှမရှိပဲ၊ အချိန်ကုန်၊ မျက်စိပျက်ပြီး ဘဝတက်လမ်းတွေကို ပိတ်စေတယ်ဆိုတဲ့ အယူအဆဟာ ယခုပညာရှင်များ လေ့လာစမ်းစစ်ပြီး အသစ်တွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။


ယူကေမှာရှိတဲ့ York တက္ကသိုလ်မှ ပညာရှင်များက ဗီဒီယိုဂိမ်းနဲ့ ဉာဏ်ရည်ထက်မြက်ခြင်း ဆက်စပ်မှုရှိ၊မရှိကို လေ့လာစမ်းစစ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဗီဒီယိုဂိမ်း ကစားနိုင်တိုင်း ဉာဏ်ထက်မြက်တယ် စမတ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ လေ့လာမှုတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပညာရှင်တွေက လေ့လာမှုကို နှစ်ပိုင်းခွဲလိုက်ပြီး ပထမလေ့လာမှုမှာ လူ ၅၆ ယောက်ကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ “League of Legends” လို MOBA ဂိမ်းတွေကစားတဲ့ စွမ်းရည်တွေအပေါ် လေ့လာခဲ့ပါတယ်။
အဆိုပါစမ်းသပ်မှုကနေ ဂိမ်းကစားတဲ့အရည်အသွေးနဲ့ လက်နဲ့ရေးဖြေရတဲ့ ဉာဏ်စမ်းပုစ္ဆာ ဖြေဆိုနိုင်တဲ့ အရည်အသွေးနှစ်ခုကြားက ဆက်စပ်မှုတူညီတာကို ပညာရှင်တွေတွေ့ရှိခဲ့ပါတယ်။


ဒုတိယလေ့လာမှုအဖြစ် ဗီဒီယိုဂိမ်းကစားသူ ထောင်ပေါင်းများစွာထဲက ရရှိလာတဲ့အချက်လက်တွေကို အကျိုးရှိရှိအသုံးချကာ သုတေသနာပြုခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အသက်အရွယ်ပေါ်လိုက်ပြီး ဂိမ်းကစားတဲ့ အရည်အသွေးတွေ ပြောင်းလဲသွားမှုကို စောင့်ကြည့်တာဖြစ်ပါတယ်။ အဲဒီထဲမှာ Dota 2, Battlefield 3, Destiny ဂိမ်းတွေအပြင် သေနတ်ပစ်ဂိမ်းတွေလည်း ပါဝင်ပါတယ်။

ဒီလေ့လာမှုမှာတော့ အတွေးအခေါ်နဲ့ဆော့ရတဲ့ strategy ဂိမ်းတွေမှာ ကစားသမားရဲ့ အသက်အရွယ်ကြီးတာနဲ့အမျှ ဉာဏ်ရည်ဉာဏ်သွေး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။

Dota 2 လို ဂိမ်းမျိုးတွေဟာ ရှုပ်ထွေးပါတယ်၊ အချင်းချင်းချိပ်ဆက်ပြောဆို ကစားရတာရယ် ကိုယ့်ရဲ့ ဉာဏ်ရည်ကို အသုံးချပြီး အချိန်ပိုင်းလေးအတွင်း ဆုံးဖြတ်ချက်ချနိုင်ရတာတွေရယ်ကြောင့် ဒီလိုဂိမ်းမျိုးကို နိုင်နိုင်နင်းနင်းကစားနိုင်တဲ့သူဟာ ဉာဏ်ရည်ထက်မြက်သူလို့ ကောင်ချက်ချလို့ ရပါတယ်” ဟု သုတေသနအဖွဲ့မှ ပရော်ဖက်ဆာ Alex Wade က ပြောပါတယ်။

ဖြစ်နိုင်ချေရှိတာက strategy ဂိမ်းမျိုးတွေဟာ လျှင်လျှင်မြန်မြန်ဆုံးဖြတ်ပြီး ချက်ခြင်းလုပ်ဆောင်ရတာကြောင့် သေနတ်ပစ်ဂိမ်းနဲ့တောင် မတူပါဘူး သေနတ်ပစ်ဂိမ်းမှာတော့ လေ့ကျင့်မှုနဲ့ ချိန်သားကိုက်မယ်၊ မြန်မယ်ဆိုရင် ကောင်းကောင်းကစားလို့ရပါတယ် Dota 2 လို ဂိမ်းမျိုးတွေကတော့ အမြဲတမ်းအပြောင်းအလဲရှိနေတဲ့အတွက် ကိုယ့်ရဲ့ပင်ကိုယ်ဉာဏ်ရည်နဲ့ တလျှောက်လုံး ကစားရတာပါ ဟု မှတ်ချက်ချခဲ့ပါတယ်။

ဒါပေမယ့် အထက်မှာပြောခဲ့သလို ဗီဒီယိုဂိမ်းကစားနိုင်တိုင်း ဉာဏ်ရည်ဉာဏ်သွေး ကောင်းတာမျိုးတော့မဆိုလိုပါဘူး ဗီဒီယိုဂိမ်းနဲ့ ဉာဏ်ကောင်းမှု ဆက်စပ်မှုရှိတယ်ဆိုတဲ့ တစ်စိတ်တစ်ဒေသကို လေ့လာတွေ့ရှိထားတာဖြစ်ပြီး အဲဒီနှစ်ခုအကြားမှာ မရှင်းလင်းတဲ့ အချက်တွေရှိနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။
 


23 Nov 2017     1,337 Views




RELATED

Most Popular of Special or Others

Most Popular of Life Style