BEC-TERO TV

ပီနန်ဆရာတော်ဘုရားကြီး ယနေ့နံနက်ပိုင်းတွင် ပျံလွန်တော်မူ

24 Nov 2017     1,612 Views


မလေးရှားနိုင်ငံပီနန်မြို့ မြန်မာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သော ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသ နိုဝင်ဘာလ ၂၄ ရက် (ယနေ့)နံနက်ပိုင်း မလေးရှားစံတော်ချိန် နံနက် ၅ နာရီ အချိန်ခန့်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။


ဘဒ္ဒန္တပညာဝံသ (အဂ္ဂမဟာပဏ္ဍိတ) ပီနန်ဆရာတော် ဦးပညာဝံသသည် ပြည်ပသာသနပြုလုပ်ငန်းများကို အသွင်သစ်ဖြင့် တိုးတက်အောင် လမ်းညွှန်ဦးဆောင်မှုပေးခဲ့သော သာသနာ့ဥသျှောင်လည်းဖြစ်သည်။


ပီနန်၊ စင်ကာပူ၊ သြစတေလျ၊ နယူးဇီလန်၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ တိုရန်တို၊ ဆာစကက်တွန်း၊ ဗန်ကူးဗား(ကနေဒါ) အစရှိသော မြန်မာကျောင်းများ၏ဦးစီးနာယက ပဓာနဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်ပြီး သက်တော် (၈၉ နှစ်) ရှိပြီဖြစ်သော ဆရာတော်ကြီးသည် ယနေ့နံနက် စောစောပိုင်းက မလေးရှားနိုင်ငံ ပီနန်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ကြောင်း သိရှိရသည်။


သတင်း - အရှင်ကောဝိဒ
ဓါတ်ပုံ - အရှင်ဥဇ္ဇောတ


 


24 Nov 2017     1,612 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS