BEC-TERO TV

တယ်လီဖုန်းဘီလ်နဲ့ ပက်သက်၍ ကျေနပ်မှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ တိုင်ကြားနိုင်

24 Nov 2017     1,279 Views


တယ်လီဖုန်း ငွေဖြတ်တောက်နဲ့ ပက်သက်၍ ဆက်သွယ်ရေး အော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုကို ကျေနပ်မှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

တိုင်ကြားရာတွင် ရှင်းမှုမရှိဟု ယူဆသော တယ်လီဖုန်းသုံးစွဲမှုအချက်အလက် (ဥပမာ − ခေါ်ဆိုအသုံးပြုသည့် အချိန်၊ အသုံးပြုသည့် ဝန်ဆောင်မှု စသည်)တို့နှင့်အတူ တယ်လီဖုန်းအော်ပရေတာများ၏ ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့မှု၊ မိမိကျေနပ်မှုမရှိသည့် အချက်လက်များကို နေပြည်တော်ရှိ ရုံးအမှတ်(၂) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနသို့ လိပ်မူ၍သော်လည်းကောင်း [email protected] သို့ အီးမေးလ်ဖြင့် ပေးပို့၍လည်း တိုင်ကြားနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားခဲ့သည်။



 


24 Nov 2017     1,279 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS