BEC-TERO TV

ချန်ပီယံလိဂ်ပွဲစဉ်တွေကစားပြီးတိုင်း ပရီးမီးယားလိဂ်မှာပွဲကျပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ချဲလ်ဆီးအသင်း

24 Nov 2017     1,314 Views


ချဲလ်ဆီးအသင်း ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးချိန် ပရီးမီး ယားလိဂ်မှာလည်း ပွဲကျပ်ကာလတွေကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ကွာရာဘတ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် ပရီးမီး ယားလိဂ်ပွဲစဉ်(၅)မှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွာရာဘတ် အသင်းနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ (၆)ဂိုး၊ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီး ယားလိဂ်အိမ်ကွင်းပွဲစဉ်မှာတော့ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)မှာတော့ အဝေးကွင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့တွေ့ဆုံခဲ့ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၇)မှာ မန်စီးတီးအသင်းနဲ့အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။
 
ချဲလ်ဆီးအသင်းဟာ အက်သ လက်တီကိုမက်ဒရစ်အသင်းနဲ့ပထမကျော့အဝေးကွင်းပွဲစဉ်မှာ(၂)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပေမယ့် မန်စီးတီးအသင်း ကို အိမ်ကွင်းမှာ(၁)ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)မှာတော့ ချဲလ်ဆီးအသင်း ဟာရိုးမားအသင်းကို အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာတော့ ၀က်ဖို့ဒ်အသင်းနဲ့တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရိုးမားအသင်းနဲ့အိမ်ကွင်းပွဲစဉ်မှာ (၃)ဂိုးစီ၊သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာတော့ (၄)ဂိုး၊(၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃)မှာလည်း ရိုးမားအသင်းကို အဝေးကွင်းမှာ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ ပွဲစဉ်(၁၁) အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
 
ချန်ပီယံလိဂ်မှာ ရိုးမားအသင်းကို အဝေးကွင်းမှာ (၃)ဂိုး၊ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ မန်ယူအသင်းကို (၁)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)မှာ ကွာရာဘက်အသင်း နဲ့တွေ့ဆုံခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)မှာလီဗာပူးလ်အသင်းနဲ့ တွေဆုံနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ အက်သလက်တီကိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)မှာတော့ ၀က်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ရလဒ် ကောင်းတွေနဲ့ ရှေ့ဆက်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 

24 Nov 2017     1,314 Views




RELATED

Most Popular of Football

Most Popular of Sport