BEC-TERO TV

သစ်သီးဈေးကွက်စည်းမျဉ်းများတင်းကျပ်ရန် ထိုင်းစီးပွားရေးဝန်ကြီးဌာန စီစဉ်နေ

24 Nov 2017     1,562 Views


သစ်သီးဈေးကွက်အတွင်း ထိုင်းစိုက်ပျိုးရေးသမားတွေနဲ့တရုတ်သစ်သီးကုန်သည်တွေကြား စာချုပ်ချိုးဖောက်မှုတွေဖြစ်နေလို့ စည်းမျဉ်းတွေ တင်းကျပ်ဖို့စီစဉ်နေတယ်ဆိုပြီး ထိုင်းစီးပွားရေး ၀န်ကြီးဌာနက ပြောပါတယ်။ တရုတ်ကုန်သည်တစ်ဦးက ထိုင်းစိုက်ပျိုးရေးအယောက်(၄၀၀)ဆီကနေ သမင်မျက်လုံး သီးတွေဝယ်ယူဖို့ သဘောတူညီထားတဲ့စာချုပ်ကို ချိုးဖောက်ခဲ့ပြီးနောက် ၀န်ကြီးဌာနက စည်းကမ်းတင်းကျပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ထိုင်းစိုက်ပျိုးရေးသမားတွေဆီက၀ယ်ထားတဲ့ သမင်မျက်လုံးသီးတွေအတွက် ကျသင့်တဲ့ထိုင်းဘတ်ငွေသန်း(၂၀၀)ကိုပေးချေဖို့ တရုတ်သစ်သီး ကုန်သည်ဘက်ကငြင်းဆိုခဲ့တာပါ။
သဘောတူညီမှုပယ်ဖျက်တဲ့ကုန်သည်တွေကို ကာကွယ်ဖို့ စည်းမျဉ်း မူကြမ်းတစ်ခုကို ရေးဆွဲတော့မှာဖြစ်တယ်လို့ ထိုင်းပြည်တွင်းကုန်သွယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဘန်ညာရစ်ကာလေယန်နာမစ်ကပြောပါတယ်။တရုတ်ကုန်သည်တွေက သစ်သီးတွေကို ထိုင်းလယ်သမားတွေဆီက တိုက်ရိုက်ဝယ်ယူခဲ့ပြီး ထိုင်းဈေးကွက်ကို စတင်ထိုးဖောက်ဝင်ရောက်ခဲ့ ကတည်းက စာချုပ်ချိုးဖောက်မှုတွေရှိနေတာဖြစ်တယ်လို့ ထိုင်းလယ်သမားတွေကပြောပါတယ်။
တရုတ်လုပ်ငန်းစုတွေဟာ ထိုင်းဈေးကွက်ရှယ်ယာတွေကို ထိန်းချုပ်နေပြီး ပြည်တွင်းသစ်သီးဈေးကွက်ကို ချုပ်ကိုင်နေတယ်လို့ ထိုင်းစီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်း တရုတ်သစ်သီးကုန်သည်(၁၀၀၀)ကျော်ဟာ သစ်သီးဈေးကွက်ကို လက်ဝါးကြီး အုပ်ထားပြီး ဈေးကစားနေကြတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။တရုတ်ကုန်သည်တွေဟာ တရုတ်လူမျိုးတွေကြားထဲမှာ လူကြိုက်များတဲ့ ဒူးရင်းသီးနဲ့မင်းဂွတ်သီးတွေကို ထိုင်းဈေးကွက်ထဲကနေ ၀ယ်ယူလေ့ရှိပါတယ်။
 

24 Nov 2017     1,562 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS