BEC-TERO TV

တိုက်စစ်မှူးမက်ဆီအပေါ် အလွန်မှီခိုလွန်းနေတဲ့ ဘာစီလိုနာအသင်း

27 Nov 2017     1,332 Views


မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြကစားနိုင်ဆုံး ကစားသမားဖြစ်ပြီး အသင်းအတွက် မရှိမဖြစ်ကစားသမားဖြစ်ကြောင်းကို သွင်းဂိုးတွေနဲ့သက်သေပြလေ့ရှိသူဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက်တစ်သင်းတည်းမှာ နှစ်အတော်ကြာကစားခဲ့တဲ့ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုလည်း ဘာစီလိုနာအသင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးမက်ဆီကို လက်ရှိအချိန်ထိမှီခိုနေရဆဲဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ အသင်း မှာအားထားခဲ့ရတဲ့ ဂန္တ၀င်ကစားသမားဇာဗီ အသင်းပြောင်းရွှေ့သွားခဲ့မှု၊ ၀ါရင့်ကစားသမားအင်နီယေစတာ အသက်အရွယ်ရလာမှုတွေက ဘာစီလိုနာအသင်းဟာ မက်ဆီအပေါ် အလွန်အားထားရနေရကြောင်း သိသာ ထင်ရှားစေပါတယ်။

ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မက်ဆီဟာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီ ကိုအရန်ခုံပို့ခဲ့တဲ့အဆိုပါပွဲစဉ်မှာ ဂိုးရရှိဖို့ရုန်းကန်ခဲ့ရကာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့တာတွေ့ရပါတယ်။ မက်ဆီ ဟာ ပွဲကစားချိန်(၅၆)မိနစ်မှ လူငယ်ကစားသမား ဒယ်လော့ဖူနေရာမှာ လူစားလဲဝင်ရောက် ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ သရေတစ်မှတ်သာရယူနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)ပွဲယှဉ်ပြိုင်ကစား အပြီး (၃)ပွဲနိုင်၊(၂)ပွဲသရေ ရမှတ်(၁၁)မှတ်နဲ့ အုပ်စု(D)ရဲ့ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

မက်ဆီ ဟာ ယခုနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲစုံပွဲ(၂၀)မှာ (၁၉)ပွဲအထိပွဲထွက်ကစား သမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယခုချန်ပီယံလိဂ်ပွဲစဉ်မှာသာ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့တာဖြစ် ပါတယ်။ မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ်(၁၂)ပွဲစလုံး ပွဲထွက်ကစားခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာလည်း (၅)ပွဲအထိပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ကာ (၁)ပွဲသာအရန်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီ ဘာစီ လိုနာအသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲစဉ်(၁၉)ပွဲမှာ (၁၆)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး အသင်း အတွက် မရှိမဖြစ်အရေးပါတဲ့ တိုက်စစ်မှူးအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2157037284322390/


27 Nov 2017     1,332 Views




RELATED

Most Popular of Football

Most Popular of Sport