BEC-TERO TV

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးတို့ ရိုက်နှက်ဆုံးမှုကြောင့် နံရိုးကျိုး

27 Nov 2017     1,235 Views


ဟိုပင်မြို့ တစ်ကွင်းကျေးရွာတွင် မိသားစုအရေးကို ဝင်ရောက်ဖြေရှင်းပေးရန် မိခင်ဖြစ်သူက တိုင်ကြားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူနှင့် နယ်မြေမှူးတို့ ရောက်လာကာ ရိုက်နှက်ဆုံးမခဲ့မှုကြောင့် သားဖြစ်သူမှာ နံရိုး(၄)ချောင်း အက်ပြီး နံရိုးတစ်ချောင်းကျိုးခဲ့ရကြောင်း သတင်းရရှိသည်။


နိုဝင်ဘာလ ၁၆ ရက်နေ့က တစ်ကွင်းရပ်ကွက်(၁၂) အတွင်းနေထိုင်ကြသော မိသားစုတစ်ခု မိသားစုဝင်အချင်းချင်း စကားများကြရာမှ မိခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လာရောက်ဖြေရှင်းပေးပါရန် တိုင်ကြားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ နယ်မြေမှူးတို့ အဆိုပါအိမ်သို့ ရောက်ရှိလာပြီး သားဖြစ်သူ ဦးမောင်အေးအား ရိုက်နှက်ဆုံးမခဲ့ခြင်းဖြစ်သည်။

''ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ် လို့ ကျွန်တော်က လိုက်သွားတာ။ ဟိုကိုရောက်တော့ ဦးမောင်အေး ကဓားကိုင်ပြီး သူ့အမေနဲ့ သူ့ညီမ ကို ရန်လုပ်နေတာ တွေ့ရတယ်'' ဟု ရပ်ကွက်(၁၂)မှ နယ်မြေမှူး ဦးအိုက်ကျော်က ပြောသည်။

ရိုက်နှက်ခံရမှုကြောင့် ဦးမောင်အေးအား ဆေးရုံသို့ တင်ပို့ခဲ့ရာ နံရိုး(၄)ချောင်း အက်ပြီး နံရိုးတစ်ချောင်းကျိုးခဲ့ကြောင်း စစ်ဆေးသိရှိခဲ့သည်။
''လူကြီးဆိုတော့ ဆုံးမတာ ပေါ့။ ဒါပေမဲ့ သည်လောက်အထိ မလုပ်သင့်ဘူးလို့ ထင်တာပေါ့။ ကျွန်တော်က အိပ်လို့မရဘူး။ အသက်ရှူလည်း ကျပ်လာတော့ ဆေးရုံကိုသွားလိုက်တာ''ဟုအရိုက် ခံရသူ ဦးမောင်အေးကပြောသည်။

မိခင်ဖြစ်သူ ဖုန်းဆက်ခေါ် သဖြင့် ရောက်လာကြသူများထဲ တွင် မည်သူကရိုက်လိုက်သည်ကို မသိကြောင်း အရိုက်ခံရသူ၏ညီမ ဖြစ်သူ ဒေါ်တင်တင်ခိုင်ကပြော သည်။
''ခွပ်ခနဲလို့ ကြားလိုက်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်တာလား။ နယ်မြေမှူးက ရိုက်တာ လားတော့မသိဘူး။ နည်းနည်းကြာတော့ အစ်ကိုက အောင့်တယ် အောင့်တယ်။ အသက်ရှူကျပ် တယ်ဆိုလို့ ဆေးရုံကိုပို့ပေးလိုက် တာ''ဟု ဒေါ်တင်တင်ခိုင်ကပြောသည်။


အရိုက်ခံရသူ ဦးမောင်အေး သည် မိသားစုနှင့် စကားများ ရန်ဖြစ်ခြင်းမဖြစ်ပွားမီ ငါးရက် ခန့်က ဆိုင်ကယ်မှောက်ကာ ဒဏ်ရာရရှိထားသည်ဟု သိရပြီး ယခုဖြစ်ပွားသောအချိန်မှ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဆေးကုသ စရိတ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ တကွင်းကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် မိဘများနှင့် တွေ့ဆုံ ဆွေးနွေးကြပြီး ကျေးရွာအုပ်ချုပ် ရေးရုံးမှ ဆေးကုသစရိတ် ကျပ် သုံးသိန်းခွဲပေးကာ ကျေအေးထား ပြီးဖြစ်ကြောင်း ထာဝရငြိမ်းချမ်းရေးကွန်ယက်မှ သတင်းရရှိသည်။


27 Nov 2017     1,235 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS