BEC-TERO TV

ဘတ်(၁၀)သန်းကျော်လုခဲ့သည့်လက်နက်ကိုင်များ ထိုင်းရဲတပ်ဖွဲ့ရှာဖွေနေ

27 Nov 2017     1,584 Views


စူပါမားကတ်တစ်ခုက ရွှေဆိုင်တစ်ဆိုင်ကနေ ထိုင်းဘတ်ငွေ(၁၀)သန်းကျော်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကိုလုသွားတဲ့ လက်နက်ကိုင်(၂)ဦးကို ရှာဖွေနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် မောင်မြို့က စူပါမားကတ် တစ်ခုမှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်သွားတဲ့ လက်နက်ကိုင်(၂)ဦးကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။နိုဝင်ဘာလ(၂၂)ရက်ညပိုင်းမှာ ချွန်ဘူရီခရိုင်က လက်လီရောင်းတဲ့ စူပါမားကတ် တစ်ခုမှာရှိတဲ့ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်(၂)ဦးက ၀င်ရောက်ပြီး ထိုင်းဘတ်ငွေ(၁၀)သန်းကျော် လောက်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို လုယက်ခဲ့တာပါ။လက်နက်ကိုင်(၂)ဦးက အနက်ရောင် အ၀တ်အစားတွေဝတ်ထားပြီး ဆိုင်ကယ်စီးဦးထုပ်တွေဆောင်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
 
လက်နက်ကိုင်တစ်ဦးက လက်ဝတ်ရတနာတွေကို အိတ်ထဲထည့်နေချိန်မှာ နောက်ထပ် လက်နက်ကိုင်တစ်ယောက်က သူ့ကိုသေနတ်နဲ့ချိန်ထားတယ်ဆိုပြီး ရွှေဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။လက်ဝတ်ရတနာတွေယူပြီးနောက် ဆိုင်ကယ်(၂)စီးနဲ့ပြန်ထွက်သွားတယ်ဆိုပြီး မျက်မြင် သက်သေတွေက ပြောပါတယ်။လက်နက်ကိုင်တွေက သူတို့အနားကပ်လာတဲ့လူတွေကို ခြောက်လှန်ဖို့ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။လုယက်မှုဘယ်လိုဖြစ်သွား တယ်ဆိုတာကို လုံခြုံရေးကင်မရာတွေက မှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ လက်နက်ကိုင်တွေရဲ့ဆိုင်ကယ်နံပါတ်ပြားတွေကို မျက်မြင်သက်သေတစ်ယောက်က ဓာတ်ပုံရိုက်ထားနိုင်လို့ လိုင်စင်နံပါတ်ကနေ တရားခံတွေကို လိုက်ဖမ်းဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
 
 

27 Nov 2017     1,584 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS