ဘီလ်ဂိတ်အား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် တရုပ်အင်ဂျင်နီယာအသင်းမှ ရွေးချယ်
27 Nov 2017 1,565 Views

မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ထူထောင်သူ အမေရိကန် သန်းကြွယ်သူဌေး ဘီလ်ဂိတ်အား ဂုဏ်ထူးဆောင်ပညာရှင်ပုဂ္ဂိုလ်အဖြစ် တရုပ်နိုင်ငံ၏ ဂုဏ်သိက္ခာအမြင့်ဆုံး အင်ဂျင်နီယာအသင်းကြီးက အဖွဲ့ဝင်အဖြစ်ရွေးချယ် ရွေးချယ်ခံခဲ့ရပါတယ်။
အသက် ၆၂ နှစ်အရွယ် ဘီလ်ဂိတ်ဟာ နိုင်ငံခြားသားအဖွဲ့ဝင် ၁၈ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူဟာ တက္ကသိုလ်မျာလည်း တာဝန်မထမ်းဆောင်ဘူး၊ သုတေသနလုပ်ငန်းတွေကိုလည်း မလုပ်ဖူးတဲ့ တစ်ဦးတည်းသော အသင်းသားဖြစ်ကြောင်းတနင်္လာနေ့မှာ တရုပ်အင်ဂျင်နီယာအသင်းက ပြောကြားခဲ့ပါတယ်။
ဘီလ်ဂိတ်ဟာ ၂၀၀၈ ခုနှစ်တုန်းက TerraPower ကုမ္ပဏီက နျူကလီးယား အဏုမြူဓါတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းထူထောင်ဖို့ ကူညီပေးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အဆိုပါကုမ္ပဏီက တရုပ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်းနဲ့ ပူးပေါင်းပြီးနောက် အဏုမြူဓါတ်ပေါင်းဖိုကို ဖူဂျီယန်ပြည်နယ်မှာ တည်ဆောက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အပြီးသတ်နိုင်မှာဖြစ်ပါတယ်။
အဲဒီအတွက် ဘီလ်ဂိတ်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်ပုဂ္ဂိုလ်အဖြစ် တရုပ်အင်ဂျင်နီယာအသင်းမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအဆိုပါအသင်းမှာ နိုင်ငံခြားသား ပညာရှင် ၆၆ ဦးရှိလာပြီဖြစ်ကြောင်း တရုပ်ပြည်တွင်းသတင်းတွင် ဖော်ပြပါရှိသည်။






