BEC-TERO TV

ဗီလိန်ဇာတ်ရုပ်ကို ရင်ခုန်လို့ ရိုက်ကူးတာပါဆိုတဲ့ မင်းမော်ကွန်း

27 Nov 2017     1,322 Views


မကြာခင် ရုံတင်ပြသတော့မယ့် သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားမှာ မင်းမော်ကွန်း ဟာ လုံးအဖြည်မပါတဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင်တယ်လို့သိရပါတယ် ။ ဒီကာရိုက်တာနဲ့ ပတ်သတ်ပြီး မင်းမော်ကွန်းက “ကျွန်တော့်ကို ကိုဆာမိကပြောတယ် ။ ကိုကျော်ဗီလိန်လုံးဝ သက်သက်လုပ်မလားတဲ့ ။ ကျွန်တော့ဇာတ်လမ်းပေး ၊ ကျွန်တော်ဇာတ်လမ်းဖတ်ကြည့်မယ်ဆိုတော့ ကောင်းတာနဲ့ ကျွန်တော်လည်းလုပ်ဖြစ်သွားတာပါ ။ ထူးထူးခြားခြားတော့ဘာမှ မရှိပါဘူး ။မလုပ်ဘူးတဲ့ဇာတ်ရုပ်ဆိုတော့ ရင်ခုန်တယ် ။ အဓိကက သရုပ်ဆောင်ဆိုတာစပြီးတော့ ဇာတ်လမ်းဖတ်လိုက်တာနဲ့ ရင်ခုန်ပြီးတော့ စိတ်လှုပ်ရှားမှာလည်း အဲ့ဒိ ဇာတ်ကားက သရုပ်ဆောင်ရတာ ကာရိုက်တာ အရရော အကုန်ကြွတာ ။ အဓိက ကတော့ ရင်ခုန်လို့ ရိုက်တာပါ” ဆိုပြီး ပြောထားပါတယ် ။ သုံးရောင်ခြယ် ဇာတ်ကားကို ဒါရိုက်တာ စတီး က ရိုက်ကူးပြီး ခန့်စည်သူ ၊ နေမျိုးအောင် ၊ မင်းသူ ၊ ဒိန်းဒေါင် ၊ အိချောပို ၊ ရွှေသမီး တို့ ပါဝင်ထားပါတယ် ။

Credit:popular 


27 Nov 2017     1,322 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment