BEC-TERO TV

လက်နှစ်ဖက်မရှိတဲ့ သူမရဲ့နေ့စဉ်ဘဝကို တိုက်ရိုက်လွှင့်ရင်း အင်တာနက်စတားဖြစ်လာသူ

27 Nov 2017     1,373 Views


တရုပ်နိုင်ငံက အသက်(၂၇ နှစ်)အရွယ် လက်နှစ်ဖက်လုံးမရှိတော့တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့နေထိုင်စာသောက်ပုံ လူနေမှုဘဝကို အင်တာနက်ပေါ်မှတစ်ဆင့် တိုက်ရိုက်(Live) လွှင့်ခဲ့ပြီးနောက် အင်တာနက်မှာ ကျော်ကြားလာသူတစ်ဦးဖြစ်ခဲ့ပါတယ်။


“ယန်လီ” ဟာ တရုပ်နိုင်ငံ ဘန်ဘူးပြည်နယ် အန်းဟွေမြို့မှာ ကြီးပြင်ခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်က ကိုယ်လက်အင်္ဂါအစုံရှိခဲ့သော်လည်း သူမအသက် ၄ နှစ်အရွယ်မှာ ဆိုးဆိုးရွားရွား မတော်တဆမှုတစ်ခုကြောင့် သူမရဲ့ လက်နှစ်ဖက်လုံး အရင်းမှ ဖြတ်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ ခြေထောက်နှစ်ဖက်နဲ့ ဘယ်လိုစားသောက်နေထိုင်ရမလဲ ဆိုတာသာမက စာရေးခြင်းနဲ့ တရုပ်အနုပညာစာလုံးအလှရေးနည်းတို့ကိုပါ ဖြည်းဖြည်းခြင်း ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ တရုပ်နိုင်ငံမှာ အလွန်ခက်ခဲပါတယ်ဆိုတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း ခြေထောက်နှစ်ဖက်ထဲနဲ့ ကြိုးစားပြီး အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။


တက္ကသိုလ်က ဘွဲ့ရပြီးနောက်မှာတော့ သူမအလုပ်မရမှာ စိတ်ပူခဲ့ပါတယ်။ အဖြစ်ချင်ဆုံးဆန္ဒက ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့သူဖြစ်လိုတာပါ၊ ဒါမှသာ မိဘတွေ ပုခုံးထမ်းထားရတဲ့တာဝန်တွေ လျော့သွားပြီး မိဘတွေကိုလည်း အပူပင်ကင်းမဲ့စွာနဲ့ အနားယူပြီး နောက်ဆုံးအချိန်တွေကို ဖြတ်သန်းစေချင်တာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ အလုပ်မြဲပြီး တည်တည်ငြိမ်ငြိမ်ဖြစ်မယ့် အစိုးရဝန်ထမ်းအလုပ်ကို ရအောင် ကြိုးစားခဲ့ပါတယ်။

သိမ်မကြာသေးမီ လအနည်းငယ်ကစလို့ မထင်မှတ်ပဲ သူမဘဝရဲ့ အပြောင်းလဲကြီးတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ လက်နှစ်ဖက်မရှိပဲနဲ့ သူမရဲ့ နေ့စဉ်ဘဝဖြတ်သန်းပုံ သွားတိုက်၊ မျက်နှာသစ်၊ အစားစားတာကအစ မိတ်ကပ်လိမ်းခြယ်ပုံအဆုံးတို့ကို အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်ပေးရင်း အကောင်းမြင်စကားများပြောကြားရင်း ပရိသတ်တွေအများကြီးရရှိခဲ့ပါတယ်။


သူမရဲ့ ဗီဒီယိုတွေဟာ ချက်ခြင်းဆိုသလို ပေါက်ခဲ့ပြီး အင်တာနက်ပေါ်မှာ ဖော်လိုဝါ ၉ သိန်းကျော်နဲ့ နေ့ခြင်းညခြင်း အင်တာနက်စတား ဖြစ်လာခဲ့ပါတယ်။
 


27 Nov 2017     1,373 Views




RELATED

Most Popular of Special or Others

Most Popular of Life Style