BEC-TERO TV

အိနြေ္ဒာကျော်ဇင် နဲ့ ချစ်သုဝေ ကို အကြိုက်ဆုံးပါဆိုတဲ့ အိနြေ္ဒာကျော်ဇင် ရဲ့ တူမ မေတိုးခိုင်

27 Nov 2017     1,451 Views


အိနြေ္ဒာကျော်ဇင် ရဲ့ တူမ အဆိုတော် တိုးခိုင် တို့ ရဲ့ သမီး ဖြစ်တဲ့ မေတိုးခိုင်ဟာ အနုပညာ လောကထဲကို ၀င်ရောက်လာပြီလဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်စလုပ်ချိန်မှာတော့ အဖေ က သဘောမတူခဲ့ပါဘူး ။ နောက်ပိုင်းမှာ Producer တွေက လာပြောပေးတဲ့ အချိန် ဇာတ်လမ်း အပေါ် မူတည်ပြီး လုပ်ခွင့်ပေးခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်းတော့ အနုပညာ အလုပ်တွေကို လုပ်ခွင့်ပေးလိုက်ပါပြီ ။ သရုပ်ဆောင် စစချင်း ရိုက်ကူးတုန်းက ကင်မရာ ကြောက်လို့ အခက်အခဲ ဖြစ်ခဲ့ တယ် ။ တဖြည်းဖြည်း နဲ့ အဆင်ပြေသွားပါတယ် ။

တီဝဲ ကိုလေးစားအားကျတယ် ။ တီဝဲ ပြီး ရင် အကြိုက်ဆုံး အနုပညာရှင်က မချစ်သုဝေ ပါ ။ တအားလည်း ကြိုက်တယ် ။တအားလည်း လေးစားတယ် ။ သူက အမြဲ သူမှန်ရာ တစ်ခုကို အမြဲတမ်းလုပ်တယ် ။ ပြီး တော့ သူ့ရဲ့ အမူအရာ ၊ သူ့ရဲ့ အိုက်တင် အကုန်လုံးက ချစ်ဖို့ကောင်တယ် ။ အဲ့ဒါကြောင့် တအားကြိုက်ရတဲ့ အနုပညာရှင်ပါ ။ လက်ရှိမှာတော့ Photo နဲ့ TV ကြော်ငြာတွေ ရိုက်ကူးနေပြီး အွန်လိုင်းမှာ လွှင့်မယ့် ကြော်ငြာတွေလည်း ရိုက်ကူးနေပါတယ် ။

Credit:popular


27 Nov 2017     1,451 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment