BEC-TERO TV

ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ထားသော ဂုဏ်ပြုဆုကို Oxford မှ ပြန်လည်ရုပ်သိမ်း

28 Nov 2017     1,369 Views


မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသော Freedom of the City of Oxford ဆုကို ရခိုင်ပြည်နယ်အရေးနဲ့ ပက်သက်ပြီး ပြန်လည်ရုပ်သိမ်းကြောင်း အောက်စ်ဖို့ဒ်မြို့တော်ကောင်စီမှ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသော ဂုဏ်ပြုဆုကို ရုပ်သိမ်းရန်သင့်၊ မသင့် အကြိုမဲပေးမှုကို အောက်တိုပါလအတွင်းက ကောင်စီအတွင်းပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ (၂၇)ရက် တနင်္လာနေ့ ပြန်လည်ရုပ်သိမ်းကြောင်း ကြောညာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့တော့ ကျွန်မတို့ မကြုံစဖူးပါပဲ။ သူမကိုချီးမြင့်ထားတဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီလူနည်းစုအပေါ်  (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်) ဖိနှိပ်နေမှုတွေကို မျက်ကွယ်ပြုထားပြီး အရေးယူရန်ပျက်ကွက်တဲ့အတွက် ဖြစ်ပါတယ်” ဟု ကောင်စီဝင်ဖြစ်သူ Mary Clarkson က ပြောကြားခဲ့သည်။ Mary Clarkson သည် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချီးမြှင့်ထားသောဆုကို ပြန်လည်ရုပ်သိမ်းရန် အဆိုပြုတင်ပြခဲ့သူလည်းဖြစ်ကြောင်း BBC သတင်းအရ သိရှိရသည်။

Mary Clarkson


“အောက်စ်ဖို့ဟာ မတူညီတဲ့ လူမျိုးကွဲပြားခြားနားမှုများအပေါ် ဂရုဏာထားတဲ့ အစဉ်အလာကြီးခဲ့ပါတယ်၊ ဒီဂုဏ်သတင်းဟာ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုနေသူကြောင့် ညိုးနွမ်းသွားစေပါတယ်။ ဘင်္ဂါလီလူမျိုးတွေအတွက် တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာအတွက် ဒီနေ့လုပ်ဆောင်မှုက အနည်းငယ်ဖြည့်စွက်သလို ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ်မှာ အောက်စ်ဖို့စီးတီးကောင်စီက ယခုလို မဲခွဲပြီး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုဆုကို ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိမှတ်ပြုချီးမြင့်ထားခဲ့ခြင်းဖြစ်ပါတယ်။


Source: CNA
 
 


28 Nov 2017     1,369 Views




RELATED

Most Popular of International News

Most Popular of NEWS