မြေအောက်ရထားလမ်းရေမြုတ်မှုအတွက် ဝန်ထမ်း (၈)ဦး အလုပ်ဖြုတ်ခံရ
28 Nov 2017 1,462 Views

စင်ကာပူနိုင်ငံမှ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ SMRT ၏ မြေအောက်ရထားလမ်း ဥမင်လှိုက်ခေါင်း ရေမြုတ်ခဲ့ရမှုကြောင့် တာဝန်ရှိဝန်ထမ်း(၈)ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း SMRT ကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
Bishan-Braddell မြေအောက်ရထားလမ်း ဥမင်အတွင်း ရေများဝင်ရောက်နေသည့် ဓါတ်ပုံ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြေအောက်လှိုဏ်ခေါင်းပိုက်များ ပြုပြင်ထိန်းသိန်းရန်အတွက် ဝန်ထမ်း (၁၃)ဦးတွင် တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့သည်။
ထိုသူများထဲမှ အကြီးတန်းအမှုဆောင်အရာရှိ၊ မန်နေဂျာ (၂)ဦးနှင့် စက်မှုဝန်ထမ်း (၅)ဦး စုစုပေါင်း (၈)ဦးတို့ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။ ပိုက်ပြုပြင်ရေး အလုပ်မှတ်တမ်းများတွင် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးကြောင်း လိမ်လည်ထားမှုလည်း တွေ့ရှိခဲ့သည်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၇ ရက် ၈ ရက်)နေ့များတွင် မိုးသည်းထန်စွာအပြင်းရွာသွန်းမှုကြောင့် မြေအောက်ရထားလမ်း ဥမင်များအတွင်း ရေလျှံခဲ့ပြီး ခရီးသွားပြည်သူ နှစ်သိန်းခွဲခန့် ဒုက္ခရောက်ခဲ့ကြရသည်။
SMRT ၏ ဒုတိယဥက္ကဋ္ဌ Tay Tien Seng နဲ့ အကြီးတန်း မန်နေဂျာ Ivan Kok နှစ်ဦးစလုံး ကြပ်ကြပ်မတ်မတ် မဆောင်ရါက်ခဲ့ကြသည့်အတွက် ယခုလို လုပ်ငန်းစဉ်များကို လိမ်လည်တင်ပြခဲ့ခြင်း ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့သည်။
“ဒီအလုပ်သမားတွေ ကုမ္ပဏီမှာ မရှိတော့ပေမယ့် SMRT ရဲ့ အခွင့်အရေးအရ နောက်ကြောင်းပြန်အရေးယူသွားမည်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။