BEC-TERO TV

နျူကလီးယားစွမ်းအင်နှင့်ရာသီဥတုပြောင်းလဲမှုတွင် တရုတ်နှင့်ပြင်သစ်ပူးပေါင်း ရန်ဆွေးနွေးခဲ့

28 Nov 2017     1,396 Views


တရုတ်နိုင်ငံဟာ ပြင်သစ်နိုင်ငံနဲ့နျူကလီးယားစွမ်းအင်အသုံးချရေးကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်သွားမယ့်အပြင် ရာသီဥတုပြောင်းလဲမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီခကျင်းက ပြီးခဲ့တဲ့သောကြာနေ့မှာ ပြောလိုက်ပါတယ်။ဝန်ကြီးချုပ်လီက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒရီရန်နဲ့ မြို့တော်ဘေကျင်းမှာ တွေ့ဆုံစဉ် ပြောတာဖြစ်ပါတယ်။
 
တရုတ်နဲ့ပြင်သစ်(၂)နိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေပိုလုပ်သွားဖို့ အလားအလာရှိနေပြီး နျူကလီးယားစွမ်းအင်ကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်မှု တွေပြုလုပ်သွားဖို့ လီကပြောခဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း လီကပြောပါ တယ်။ပြင်သစ်နိုင်ငံဘက်ကလည်း တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ အဆင်သင့် ရှိနေတာဖြစ်ပြီး နျူကလီးယားစွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေးကိစ်္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီးလီဒရီရန်ဟာ နိုဝင်ဘာလ(၂၄)မှာ တရုတ်နိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၂၇)ရက်မှာ တရုတ်နိုင်ငံကနေပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
 

28 Nov 2017     1,396 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS