BEC-TERO TV

ဒါရိုက်တာ ၀ိုင်းနဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးမယ့် ဧငြိမ်းဖြူ

28 Nov 2017     1,291 Views


ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ် သတိထား အမှတ်တရ ရှိခဲ့တဲ့ ဧငြိမ်းဖြူ ဟာ ကက်ဆက်ခွေ ဇာတ်လမ်းတွဲတွေ ရိုက်လာတာ ၃ နှစ် လောက် ရှိနေပြီး ဇာတ်လမ်းတွဲတွေကလဲ ပြီးတော့မယ်ဆိုတော့ ပရိသတ်တွေ လက်ခံကြတာ ညီမ ၀မ်းသာပါတယ် ။ကက်ဆက်ခွေဇာတ်လမ်းတွဲတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အားပေးမှုကို အများကြီးခံခဲ့ရတယ် ။ ကတ်ဆက်တွေ ဇာတ်လမ်း ကြ ညီမ တို့က သူများ အသံနဲ့ သရုပ်ဆောင်ရတာပေါ့နော် ညီမတို့ အသံကြားချင်တယ်ဆိုတဲ့ ပရိသတ်အတွက် အခု ဘာတဲ့လဲဟေ့ ရုပ်ရှင်ကားကြီး ရုံတင်တော့မှာပါ ။ အဲ့ဒါကြောင့် လာရောက်အားပေးကြပါအုံး ။

ညီမ က မြန်မာဝတ်စုံ ၀တ်ရတာ သဘောကျတယ်  ခေတ်နဲ့ လိုက်လျောညီထွေ အရောင်တွေနဲ့ ဒီဘက်ခေတ် စတိုင်မျိုးတွေ ပေါင်းဝတ်ရတာကို သဘောကျပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ကူးခဲ့ တဲ့ ဘာတဲ့လဲဟေ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ညီမ က မြန်မာ ဆန်ဆန် နဲ့ အငြိမ့် မင်းသမီးပုံစံ သရုပ်ဆောင်ထားတယ် ။ အဲ့ဒိမှာ ထူးထူးခြားခြား အနေနဲ့ အနောက်တိုင်းအကရော ၊ အငြိမ့်မင်းသမီးဆိုတော့ မြန်မာ အကကော ၂မျိုးတွေ့ရမှာပါ ။ နောက်ပြီးတော့ မိရိုးဖလာ ဆိုတဲ့ ညီမ ရဲ့ ဒုတိယ မြောက် ရုပ်ရှင်ကားကြီးကို ရိုက်ထားပါတယ် ။ အခု ဒါရိုက်တာဝိုင်း နဲ့လည်း အကကားကြီး ရိုက်ကူးဖို့ ရှိပါတယ် ။ တက္ကသိုလ် ဇာတ်လမ်းတွဲလည်း ရိုက်ကူးဖို့ ရှိပါတယ်လို့ ပြောထားပါတယ် ။ 

Credit:popular


28 Nov 2017     1,291 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment