BEC-TERO TV

ကုန်ပစ္စည်းအတုများကြော်ငြာရောင်းချမှုများကို Facebook မှ မျက်ကွယ်ပြုဟု ဗြိတိန်စွပ်စွဲ

28 Nov 2017     1,301 Views


Facebook ၏ လူမှုကွန်ယက်ပေါ်တွင် လူသုံးကုန်ပစ္စည်း အမှတ်တံဆိပ်အတုများ ကြော်ငြာကာတင်ရောင်းချနေမှုများကို ရှင်းလင်းဖယ်ရှားရန် ဖေ့စ်ဘွခ်က ပျက်ကွက်ခဲ့ကြောင်း ဗြိတိန်အမျိုးသားကုန်သွယ်မှုစံနှုန်းပြုရေးဌါနမှ စုံစမ်းစစ်ဆေးသူများက စွပ်စွဲပြောဆိုခဲ့သည်။

ဖေ့စ်ဘွခ်ပေါ်တွင် တံဆိပ်အတုလုပ်ထားသည့် လက်ကိုင်အိတ်များ၊ လျှပ်စစ်နှင့် စပ်ဆက်သောပစ္စည်းများ၊ အဝတ်အထည်များကို စတာလင်ပေါင် သန်းနဲ့ချီကာ အရောင်းအဝယ်ဖြစ်နေကြကြောင်း ဗြိတိန်စုံစမ်းရေးအဖွဲ့မှ ဖေ့စ်ဘွခ်ကို သတင်းပေး အကြောင်းကြားခဲ့သော်လည်း အဆိုပါ ကြောငြာများ၊ ပိုစ့်များကို ဖေ့စ်ဘွခ်မှ ဖြုတ်ချမှုမပြုခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ဥရောပကော်မရှင်ကလည်း ကုန်ပစ္စည်းအတုများ ရောင်းဝယ်ဖောက်ကားမှုကို အရေးယူကိုင်တွယ်ခြင်းမရှိပါက ဆိုရှယ်မီဒီယာကုမ္ပဏီများကို ကြီးလေးတဲ့ ဒဏ်ကြေးများ ချမှတ်သွားမည်ဟု ယခင်ကတည်းက ကြေညာချက်ထုတ်ထားပြီးဖြစ်သည်။

သူတို့က အဲဒီကြော်ငြာတွေကနေ ပိုက်ဆံရနေတော့ ဖြုတ်ချဖို့ကိစ္စကို အပြတ်မလုပ်ဖူးဖြစ်နေတယ်၊ ဖြုတ်ချဖယ်ရှားပစ်ဖို့ အကြိမ်ကြိမ်ပြောဆို တွန်းအားပေးနေပေမယ့် သူတို့ဘက်က လုပ်ဆောင်မှုတွေက ကျေနပ်စရာမရှိဘူး” ဟု National Trading Standards eCrime အဖွဲ့ဝင် Mike Andrews က ပြောကြားခဲ့သည်။

ဗြိတိန်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအဖွဲ့အစည်းကြီးရဲ့ အစီစရင်ခံစာအရ ယခုနှစ်အစေားပိုင်း ဗြိတိန်ကို တင်သွင်းလာတဲ့ အမှတ်တံဆိပ်အတုနဲ့ ကုန်ပစ္စည်းပမာဏဟာ သွင်းကုန်စုစုပေါင်းရဲ့ လေးရာခိုင်နှုန်းနီးပါးရှိကြောင်း ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေ့စ်ဘွခ်ပေါ်မှာ တံဆိပ်အတုနဲ့ ကုန်ပစ္စည်းတွေရောင်းချနေတဲ့ ပေ့ခ်ျတစ်ခု “Replica Handbags, Clothing and Accessories” ကို ဖော်ပြထားပြီး အဲဒီမှာဆိုရင် အမှန်အကန်ဘရန်းတံဆိပ်တပ်ထားတဲ့ ပစ္စည်းအတုများကို တံဆိပ်အမှန် ပစ္စည်းမှန်များရဲ့ ဈေးနှုန်းများနဲ့ ယှဉ်ပြီး မက်လုံးပေးကာ ရောင်းချလျှက်ရှိကြောင်းတွေ့ရှိရသည်။

အဆိုပါပေ့ခ်ျထဲတွင် Gucci တီရှပ်အတု တစ်ထည်ကို ၂၅ ပေါင် နဲ့ရောင်းချနေပြီး အစစ်ရဲ့ တန်ဖိုးက ၃၄၀ ပေါင်ရှိပါတယ်။ အလားတူ အြခားနံမည်ကြီး အမှတ်တ့ဆိပ်အတု၏ ပစ္စည်းများကို တံဆိပ်အစစ်ဈေးနှုန်းများနဲ့ ယှဉ်တွဲဖော်ပြရောင်းချနေသည်။


မူပိုင်ခွင့်ဆိုင်ရာရုံး၏ အဆိုအရ ဖေ့စ်ဘွခ်ဟာ ပစ္စည်းအတုရောင်းချသူတွေအတွက် စိတ်ကြိုက်ပစ်မှတ်တစ်ခု ဖြစ်လာနေပြီး Amazon, eBay တို့ထက်ပိုပြီး စိတ်ကြိုက်ဖြစ်လာကြောင်းပြောဆိုခဲ့သည်။ Amazon နဲ့ eBay တို့နှစ်ခုလုံးတွင် ကုန်ပစ္စည်းအတုများ တင်ရောင်းခွင့်မပြုပဲ အမြဲစစ်ဆေးလျှက်ရှိပြီး တွေ့ရှိပါက ဖြုတ်ချပစ်ကြောင်း သိရှိရသည်။
 


28 Nov 2017     1,301 Views




RELATED

Most Popular of International News

Most Popular of NEWS