BEC-TERO TV

လူမိုက်ကာရိုက်တာ အတွက် ဆံပင်ဆက်ပြီး ပုံစံပြောင်းလိုက်တဲ့ မိုးယံဇွန်

28 Nov 2017     1,306 Views


ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ငယ်ပါသေးတယ် ရုပ်ရှင်ကားမှာ ထွန်းထွန်း  ၊ သင်ဇာဝင့်ကျော်၊ ရတနာဗို တို့နဲ့ အတူ ပြင်ဦးလွင်မြို့မှာ သွားရောက်ရိုက်ကူးခဲ့ ပါတယ်။ ဒီဇာတ်ကား မှာ ပါဝင် ရမယ့် ကာရိုက်တာ အတွက် မိုးယံဇွန် ဟာ အ၀တ်အစား အပြင်အဆင်ပြောင်းလဲ ခဲ့ ပါတယ် ။

“ကျွန်တော်က ဒီဇာတ်ကားထဲမှာ ရွာက လူမိုက်တစ်ယောက်ပါ ။ သူ့မှာညီမ တစ်ယောက်ရှိတယ် ။စရိုက်ကြမ်းကြမ်း နဲ့ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ကာရိုက်တာနဲ့ပါ ။ ဒါရိုက်တာ ကိုပေါက်ကလည်း မိုးယံ က အဲ့ဒိနေရာကပါရမယ် ။ ချောတဲ့ ပုံစံမလိုချင်ဘူး ၊ ပုံစံပြောင်းချင်တယ် ဆိုတာနဲ့ ပဲ ဇာတ်ကားအတွက် ကျွန်တော့ ရဲ့ အပြင်အဆင်ကိုပါ နည်းနည်းပြောင်းလိုက်တယ် ။ ခပ်ကြမ်းကြမ်း ပုံစံဖြစ်အောင် အစက မှုတ်ခမ်းမွှေး ထားတယ် ။ အဆင်မပြေသေးဘူး ။ ကိုယ့်ကိုယ် ကိုယ်ကြည်ရတာ စပ်ဖြဲဖြဲဖြစ်နေသေးတာနဲ့ ဆံပင်ကိုပါ ရှည်သွားအောင် နည်းနည်းဆက်လိုက်တယ် ။ အပြင်အဆင်နဲ့ ဇာတ်ကားရိုက်ကူးတဲ့ အခါမှာတော့သိပ်ပြီးတော့ အခက်အခဲမရှိခဲ့ ပါဘူး။ ညအိပ်တဲ့ အခါနဲ့ ခေါင်းလျှော်တဲ့အခါမှာပဲ နည်းနည်း အခက်အခဲရှိတယ် ။ ကျန်တာအားလုံး အဆင်ပြေပါတယ်  ။

နောက်ထပ်လည်း ဒါရိုက်တာ စတီး ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း သူပုန်ခေါင်းဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။နောက်ပိုင်း နယ်တွေမှာ ရိုက်ကူးရေးများလာတယ် ။ နယ်မှာ ရိုက်ကူးကြတော့ အချိန်ပိုရတ.် ။ ရန်ကုန်မှာ ရိုက်ကူးရင် မနက် ၁၀ နာရီ ၁၁ လောက်မှ ရှုတင်တည်ပြီး ရိုက်ကြတယ် ။ နယ်မှာ သွားရိုက်ရင်တော့ ၁၅ မိနစ် မိနစ် ၂၀ လောက် အတွင်းမှာ ရိုက်ဖို့ ချက်ချင်း ပြင်ဆင်လို့ ရတယ်။ အလုပ်လုပ်ဖို့ အတွက်လည်း အချိန်ပိုရတယ်။နောက်ပြီးနယ် ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင်အသစ်လည်း ဖြစ်တာကြောင့် ပါဝင်ရိုက်ကူးရတဲ့ သူတွေလည်း လန်းလန်းဆန်းဆန်းလေး ဖြစ်ပါတယ်လို့ ပြောထားပါတယ် ။

Credit:popular 


28 Nov 2017     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment