BEC-TERO TV

မိဘနှစ်ပါးကို တွေ့ချင်လွန်းလို့ ဘတ်စ်ကားအောက်မှာ ၃ နာရီကြာ ခိုးစီးလာတဲ့ ညီအစ်ကို

28 Nov 2017     1,560 Views


တရုပ်နိုင်ငံမှ ရင်နင့်စရာ ဖြစ်ရပ်မှန်သတင်းဖြစ်ပါတယ်။ အသက် (၈)နှစ်နဲ့ (၉)နှစ်အရွယ် ညီအစ်ကိုနှစ်ယောက်ဟာ မြို့ပေါ်ထွက်သွားခဲ့တဲ့ အဖေနဲ့ အမေကို သတိရလွန်းလို့ ဘတ်စ်ကားကြီးတစ်စီးရဲ့အောက်မှာ အန္တရာယ်ကြားကနေ ၃ နာရီကြာ ခိုးလိုက်ခဲ့ပါတယ်။

ဂေါင်ဇီမြို့ အနောက်ပိုင်းမှာရှိတဲ့ ရွာလေးတစ်ရွာမှာ သားသမီးနှစ်ဦးကို အမျိုးတွေနဲ့ထားခဲ့ပြီး မိဘနှစ်ပါးဖြစ်သူက အလုပ်လုပ်ရန် မြို့ပေါ်တက်သွားခဲ့တာ အတန်ငယ်ကြာခဲ့ပြီဖြစ်တယ်။ မိဘနှစ်ပါးကို လွမ်းဆွတ်သတိရတဲ့ ညီအစ်ကိုနှစ်ဦးဟာ မြို့ပေါ်ကို အရဲစွန့်ပြီး လိုက်သွားဖို့ တိုင်ပင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကြာဿပတေးနေ့က ညီအစ်ကိုနှစ်ယောက်ဟာ ကျောင်းသွားမယ့်လမ်းမှာ ကျောင်းမသွားတော့ပဲ မြို့ပေါ်သွားတဲ့ ဘတ်စ်ကားဂိတ်ကို ထွက်လာခဲ့ကြပါတယ်။ ဘတ်စ်ကားခဟာ တစ်ယောက်ကို ၃၂ ယွမ်ပေးရတာမို့ ပိုက်ဆ့မရှိတဲ့ ညီအစ်ကိုနှစ်ဦးက ဘတ်စ်ကားအောက်ထဲကနေ ခိုးလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


မိဘနှစ်ပါးကို တွေ့ချင်ဇောနဲ့ အရဲစွန်ခဲ့ရတဲ့ ကိစ္စတစ်ခုဟာ သူတို့အတွက်တော့ အရမ်းအန္တရာယ်များလှပါတယ်။ ဘတ်စ်ကားကြီးရဲ့ နောက်ဘီးနားက ရွံ့ကာအဖုံး တစ်ဖက်ဆီမှာ ညီအစ်ကိုနှစ်ယောက် ခါးလေးကုန်ပြီး လိုက်ပါခဲ့ရပါတယ်။
သာမန်သက်တောင့်သက်သာ ထိုင်ခုံနဲ့ ခရီးသွားရင်တောင် တစ်နာရီလောက်ကြာတဲ့အခါ ညောင်းညာတဲ့ဝေဒနာကို ခံစားရပါသေးတယ်။ ဒီကလေးနှစ်ဦးကတော့ မသက်မသာ တွယ်ကပ်လိုက်ပါရင်း ကားကြီးအောက်မှာ ၃ နာရီကြာ ၉၀ ကီလိုမီတာခရီးကို လိုက်လာခဲ့ရပါတယ်။


ဘတ်စ်ကားကြီးက ဂိတ်ရောက်တဲ့အခါမှာတော့ ကားခိုးစီးလာတဲ့ ကလေးနှစ်ယောက်ကို လုံခြုံရေးက တွေ့သွားပါတယ်၊ သူတို့နှစ်ယောက်လုံးမှာလည်း ကားဘီးကယက်တဲ့ ရွံ့တွေပေကျံလို့နေပါတယ်။ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းတော့မရှိပါဘူး။


ညီအစ်ကိုနှစ်ဦးဟာ ကားဂိတ်က ဝန်ထမ်းတွေကို သူတို့ရဲ့ မိဘတွေကို လိုက်ရှာဖို့ မြို့ကိုတက်လာကြောင်း ရှင်းပြပါတယ်၊ ဒါပေမယ့် သူတို့မိတွေ ဘယ်မြို့မှာ အလုပ်လုပ်နေတယ်ဆိုတာကိုတော့ သူတို့မသိပါဘူး။
နောက်ဆုံးမှာတော့ တာဝန်ရှိသူတွေက သူတို့ရဲ့ ကျောင်းကို ဆက်သွယ်ခဲ့ပြီး ကျောင်းကနေ လာပြန်ခေါ်သွားပြီး အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ ညီအစ်ကိုနှစ်ဦးကို ရွာကအိမ်ကို ဘေးကင်းစွာ ပြန်ရောက်ပေမယ့် သူတို့ရဲ့ မိဘနှစ်ပါးကို ပြန်တွေ့ဖို့ သူတို့ရဲ့ ရင်ထဲက ဆန္ဒကတော့ လစ်ဟာနေဆဲဖြစ်ပါတယ်။
 


28 Nov 2017     1,560 Views




RELATED

Most Popular of Special or Others

Most Popular of NEWS