BEC-TERO TV

အသားအရေအတွက်် မျိုးစုံ သုံးလို့ရတဲ့ ဗက်ဆလင်း (Vaseline)

28 Nov 2017     1,680 Views


ဗက်ဆလင်း (Vaseline) အလှဆီကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီအလှဆီကို အသားအရေအတွက်် မျိုးစုံ သုံးလို့ရတာကို သိကြမှာပါ။ အလှအပရေးရာအတွက်ကော ဘယ်လိုသုံးလို့ ရလဲ ကြည့်ကြည့်ရအောင်။ဗက်ဆလင်း အဆီကို မာစကာရာအတံလေးနဲ့ သုတ်ပြီး မျက်တောင်တွေပေါ်ကို သုတ်သုတ်ပေးပါ။ တစ်လလောက်ကြာတဲ့အခါ မျက်တောင်တွေ ကော့ပြီး ရှည်လာတာကိုတွေ့ရပါလိမ့်မယ်။
 
ခြေဖဝါးနုနု
ခြေဖဝါးလေးတွေ ခြေဖနောင့်လေးတွေ ဖော့ဖယောင်းလို ပျော့ပျောင်းနူးညံ့နေစေဖို့ဆိုရင် ညမအိပ်ခင် ခြေဖဝါးနဲ့ ခြေချောင်းတွေကို ဗက်ဆလင်းအဆီကို သုတ်လိမ်းပြီး ခြေစွပ်လေးဝတ်အိပ်လိုက်ပါ။ မနက်ကျရင် သင့်ခြေဖဝါးလေးတွေ ချောမွတ်နေတာကို တွေ့ရမှာပါ။
 
ခရင်မ်ပါးနီ
ဗက်ဆလင်းနဲ့ နှုတ်ခမ်းနီနဲ့ ရောလိုက်ရင် နှုတ်ခမ်းအရောင်နဲ့ ဆင်တူအရောင် လိမ်းလို့ရတဲ့ ခရင်မ်ပါးနီလေးရမှာပါနော်။
 
တံတောင်ဆစ်နဲ့ ဒူး
တံတောင်ဆစ်လို နေရာမျိုးတွေ၊ ဒူးနေရာတွေမှာ ဗက်ဆလင်းကို နေ့တိုင်းလိမ်းပေးရင် အရာထင်ပြီး မဲနေတာမျိုးတွေ၊ ကွက်နေတာမျိုးတွေ၊ နောက်ပြီး အသားအရေကြမ်းတမ်းနေတာတွေကို ပျောက်ကင်းစေပါတယ်။
 
 
မိတ်ကပ်ဖျက်ဆေး
မာစကာရာ၊ နှုတ်ခမ်းနီ၊ အိုင်းလိုင်နာနဲ့ အိုင်းရှဲဒိုးတွေ ဖျက်တဲ့အခါမှာ အသုံးပြုနိုင်ပါသေးတယ်။ မျက်တောင်တုတပ်ထားတဲ့အခါမှာလည်း ဗက်ဆလင်းနဲ့ သုတ်ပြီး ဖြုတ်ရင် အလွန်လွယ်ကူပြီး မျက်တောင်အစစ်တွေ ကျွတ်ပြီ ပါလာတာမျိုးတွေ မဖြစ်တော့ပါဘူး။
 
ဆံပင်ဆိုးတဲ့အခါမှာ
ဆံပင်အရင်းနဲ့ ဂုတ်ပိုးတွေ၊ နားသယ်စပ်တွေ မပေအောင် ကြိုတင်လိမ်းထားပေးလိုက်ရင် ဆေးဆိုးတဲ့အခါမှာ ဆိုးဆေးထိတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးမှာပါ။
 
 
အိမ်တွင်းဖြစ် ကြေးချွတ်ဆေး
ပင်လယ်ရေကထုတ်တဲ့ဆားနဲ့ ရောလိုက်မယ်ဆိုရင် တစ်ကိုယ်လုံးကြေးချွတ်ပေါင်းတင်စရာ Spa သွားစရာမလိုဘဲ အိမ်မှာတင်ပေါင်းတင်လို့ ရမှာ ဖြစ်ပါတယ်။ ရေချိုးပြီးခါစ စိုစွတ်နုအိနေစဉ်မှာ ဗက်ဆလင်းကို ခြေဆုံးခေါင်းဆုံးလိမ်းပေးလိုက်ပါ။ ကလေးငယ်လေးတွေရဲ့အသားအရေလိုမျိုး နူးညံ့ချောမွတ်တဲ့အသားအရေကို ရရှိမှာ ဖြစ်ပါတယ်။
 
Credit >> Duwun

28 Nov 2017     1,680 Views




RELATED

Most Popular of Health Fix

Most Popular of Life Style