BEC-TERO TV

3Girls နဲ့ ပတ်သတ်ပြီး ပရိသတ်ကို စိုးရိမ်တယ်ဆိုတဲ့ အလင်းရောင်

28 Nov 2017     1,839 Views


ပရိသတ်အခိုင်အမာ ရရှိနေတဲ့ သရုပ်ဆောင် မော်ဒယ် အလင်းရောင်ဟာ ဒီနှစ်ထဲမှာ M-150 ရဲ့ Brand Ambassador တစ်ယောက်   အနေနဲ့ M-150 ကလုပ်တဲ့ ပွဲတွေနဲ့ Fan meeting တွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး MTV ကြော်ငြာတွေ ရိုက်ကူးနေပြီး ဒါရိုက်တာ ၀ိုင်းနဲ့ သတိုးသမီးရဲ့ လျှို့ဝှက်ချက် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ရိုက်ကူးဖို့ ရှိတယ်လို့ ပြောထားပါတယ် ။

“သတိုးသမီး ရဲ့ လျှို့ဝှက်ချက် ရုပ်ရှင်ဇာတ်ကားကတော့ သရဲကားဆန်ဆန် ဇာတ်ကားလေး တစ်ကားပါ ။ ကျွန်တော့် ရဲ့ ကာရိုက်တာ ပိုင်းကတော့ တအားချစ်တတ်တဲ့ ယောက်င်္ကျားတစ်ယောက်ရဲ့ ကာရိုက်တာပေါ့ ။ မိန်းမက အလုပ်ကိုပဲ ဦးစားပေးပြီး အချစ်ရေးပိုင်းတွေ ၊ နောက်ပြီး အိမ်ထောင်ရေး သာယာမှုတွေ မပေးတဲ့ အခါ နောက်ပိုင်းဖောက်ပြန်တတ်တဲ့ ကိစ္စတွေကို ရိုက်ကူးမယ့် ဇာတ်ကားလေးပါ ။  နိုဝင်ဘာ ၂၅ နောက်ပိုင်းထဲက ဒီကားအတွက် ကိုဝိုင်း နဲ့ Training တွေ လုပ်သွားမှာပါ ။

ဒါရိုက်တာ ၀ိုင်း နဲ့ ရိုက်ကူးခဲ့တဲ့ 3Girls ရုပ်ရှင်ကားကြီးဟာလဲမကြာခင်  ရုံတင်တော့မှာ ဖြစ်တဲ့ အတွက် ဒီကားနဲ့ ပတ်သတ်ပြီး တအား ရင်ခုန်ပါတယ် ။ ကျွန်တော့် အတွက် ပရိသတ် အားပေးမှု ရပါ့မလားလို့လည်း တအား စိုးရိမ်နေတယ် ။ဒီဇာတ်ကားက ကိုဝိုင်းနဲ့ ပထမဆုံး ရိုက်ကူးဖြစ်တဲ့ ဇာတ်ကားလည်း ဖြစ်တယ် ။  အရင်ရှေ့မှာ ရိုက်ကူးခဲ့ တဲ့ ဇာတ်ကားတွေက များသော အားဖြင့် ကိုယ်လုပ်တက်သလောက် တတ်သလောက် မှတ်သလောက် ရမ်းသမ်းပြီးတော့ လုပ်ခဲ့တာပေါ့ ။ ဒီ 3Girls ကတော့ ကိုဝိုင်း နဲ့ စတင် သရုပ်ဆောင်တဲ့ အချိန် သရုပ်ဆောင်တဲ့ အလုပ်ကို  အသေးစိတ်လုပ်ရတာပေါ့ ။ဘယ်လို လုပ်ရမယ် ဘယ်လို စိတ်ထားဆိုတာက အစ သင်ကြားဖူးတယ် ။ ကိုဝိုင်းဆီက ပညာတွေ အများကြီး ရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ” လို့ ပြောထားပါတယ် ။ 

Credit:popular 


28 Nov 2017     1,839 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment