BEC-TERO TV

သားမက်ဖြစ်သူရေနစ်သတင်းကြောင့် လိုက်သွားရာ ယောက္ခမကားတိုက်ခံရပြီး သေဆုံး

29 Nov 2017     1,247 Views


နိုဝင်ဘာလ ၂၈ ရက်​​နေ့ နံနက်​ ၀၀:၁၀ မိနစ်​အချိန်​တွင်​ ပဲခူးမြို့နယ်​ ဘုရားက​လေး​ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးတွင် သားမက်ဖြစ်သူ ရေနစ်သေဆုံးကြောင်း ကြားသိရသဖြင့် လိုက်လာခဲ့သော ယောက္ခမဖြစ်သူမှာ ရန်ကုန်−မန္တလေး မြို့တွင်းလမ်းမပေါ်၌ ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ရန်​ကုန်​/မန္တလေး မြို့တွင်းလမ်း မိုင်​တိုင်​အမှတ်​ ၆၃/၀နှင့် ၆၃/၁ အကြား ​အေး​စေတီဘုန်းကြီး​ကျောင်းအ​ရှေ့တွင်​ သားမက်​ဖြစ်​သူ ​ ရေနစ်​​သေဆုံး​ကြောင်း ကြားသိရသဖြင့် ဘုရား​​လေး​ကျေး​ရွာ​​​နေထိုင်သော ယောက္ခမဖြစ်သူ ဦးမြင့်နိုင် အ​သက်​(၄၈)နှစ်က ကျွဲလှည်းဖြင့် ခင်တန်းကြီးရပ်​ကွက်​သို့ လိုက်လာခဲ့ရာ ကားလမ်းမကြီးပေါ်သို့တက်စဉ် ဒိုက်ဦးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်KYN - 5H/7164 CRV အမျိုးအစား အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့သဖြင့် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာပါးပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာဖြင့်နေရာတွင်သေဆုံးသွားခဲ့သည်။
ကျွဲလှည်းမှာလုံးဝပျက်စီးသွားကာ ကျွဲထီးတကောင်မှာပေါင်ကျိုးသွားသည်။


CRV ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူ ဦးထွန်းထွန်း အသက်(၅၀)နှစ်မှာ နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။


ဖြစ်စဉ်နှင့်ပါတ်သက်ပြီး လူသေဆုံး/ဒဏ်ရာရအောင် မောင်းနှင်သူ ယာဉ်မောင်းအား အရေးယူပေးပါရန် ယာဉ်ထိန်းဒုရဲအုပ်သီဟအာင်မှ တိုင်တန်းသဖြင့် ဘုရားကြီးနယ်မြေရဲစခန်းမှ ယာဉ် (ပ)၈၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများအား ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း မှုခင်းရှုထောင့်မီဒီယာအဖွဲ့မှ ဖော်ပြထားသည်။
 


29 Nov 2017     1,247 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS