BEC-TERO TV

အငြင်းပွားဖွယ်ကိစ္စတွေနဲ့အတူ သရေရလဒ်သာထွက်ပေါ်ခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ဘာစီလိုနာအသင်း

29 Nov 2017     1,287 Views


လာလီဂါပွဲစဉ်(၁၃)မှာတော့ ရှုံးပွဲမရှိစံချိန်တွေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေကြတဲ့ ဘာစီ လိုနာအသင်းနဲ့ ဗလင်စီယာအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ဗလင်စီယာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ လာလီဂါပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပေမယ့် အငြင်း ပွားဖွယ်ဆုံးဖြတ်ချက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၃၀)မှာ ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီ ရဲ့ဂိုးပေါက်ကန်သွင်းချက် ဂိုးဝင်သွားခဲ့ပေမယ့် ဂိုးအဖြစ်မသတ်မှတ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းအတွက် နစ်နာခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။
 
မက်ဆီရဲ့ကန်သွင်းချက် ဂိုးစည်းကိုကျော် လွန်သွားခဲ့ပြီးမှ ဗလင်စီယာအသင်းဂိုးသမားနီတိုက ဘောလုံးကိုပုတ်ထုတ်ခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီးတွေက တော့ဂိုးအဖြစ်သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဗလင်စီယာအသင်းရဲ့အိမ်ကွင်း မက်တဲလားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဗလင်စီယာအသင်းက ဂိုးစတင်ရရှိခဲ့ပြီး ဗလင်စီယာအသင်းရဲ့လူငယ်တိုက်စစ်မှူး ရိုဒရီဂိုကမိနစ်(၆၀)မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘယ်နောက်ခံလူဂျော်ဒီ အယ်ဘာက ပွဲကစားချိန်(၈၁)မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ တာဖြစ်ပါတယ်။
 
ဘာစီလိုနာအသင်းနဲ့ဗလင်စီယာအသင်းတို့ဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည် နေကြတဲ့အသင်းတွေဖြစ်ပြီး ဘာစီလိုနာအသင်းက လာလီဂါပွဲစဉ်(၁၃)ပွဲကစား (၁၁)ပွဲနိုင်၊(၂)ပွဲသရေ ရမှတ် (၃၅)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာရှိနေကာ ဗလင်စီယာအသင်းကလည်း ပွဲစဉ်(၁၃)ပွဲကစား (၉)ပွဲနိုင်၊(၄)ပွဲသရေ ရမှတ်(၃၁)မှတ်နဲ့အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ (၂)သင်းစလုံး သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်တွေမှာ အမှတ်ပေးဇယားထိပ်ပိုင်းမှာရှိနေတဲ့ အသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေ ပါဝင် ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းနဲ့ ဗလင်စီယာအသင်းရဲ့ပွဲစဉ်တွေမှာ သရေ ရလဒ်ထွက်ပေါ်ခဲ့သလို ဗလင်စီယာအသင်းရဲ့ သရေပွဲ(၄)ပွဲဟာလည်း ရီးရဲလ်မက်ဒရစ်အသင်း၊ အက်သလက် တီကိုအသင်း၊ လီဗန်တေးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပါတယ်။
 

29 Nov 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport