BEC-TERO TV

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်

29 Nov 2017     1,216 Views


ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုမရှိဟု ဆိုကာ ရခိုင်အမျိုးသားပါတီ(ANP) ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင် ပါတီမှနုတ်ထွက်စာတင်ထားကြောင်း ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်က အတည်ပြုပြောကြားလိုက်သည်။

နုတ်ထွက်စာကို နိုဝင်ဘာလ ၂၇ ရက်နေ့ရက်စွဲဖြင့် ဒေါက်တာအေးမောင်ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးပိုးခြင်းဖြစ်ပြီး နုတ်ထွက်ခွင့် ပြု/မပြုကို မဆုံးဖြတ်ရသေးကြောင်း ပါတီအတွင်းရေးမှူမှ ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပက်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နှစ်ပတ်အတွင်း ပြုလုပ်နိုင်ဖွယ်ရာရှိကြောင်း သိရှိရသည်။

ဒေါက်တာအေးမောင်၏ နှုတ်ထွက်စာတွင် ပါတီတွင်း ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုမရှိခြင်း၊ ပါတီအစည်းဝေးတွင်သာမက ပြင်ပ၌ပါ ခေါင်းဆောင်များ၏ တပည့်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ လူမှုကွန်ယက်မီဒီယာများပေါ်၌ အုပ်စုဖွဲ့စော်ကားခြင်း၊ အထူးသဖြင့် သူတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းတို့ကြောင့် နုတ်ထွက်စာတင်ကြောင်း ဖော်ပြပါရှိသည်။

နုတ်ထွက်စာနှင့်ပက်သက်၍ ဒေါက်တာအေးမောင်အား မေးမြန်းရန် ဆကသွယ်၍ မရသေးကြောင်း ဒီမိုကရေစီတူဒေးသတင်းတွင် ဖော်ပြပါရှိသည်။
 


29 Nov 2017     1,216 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS