BEC-TERO TV

စင်ကာပူလေဆိပ်တွင် လေယာဉ်ပျံဆွဲလာစဉ် ကားမီးလောင်မှုဖြစ်ပွား

29 Nov 2017     1,355 Views


နိုဝင်ဘာလ ၂၉ (ယနေ့) နံနက်စောစော ၄ နာရီ အချိန်က စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် စင်ကာပူလေကြောင်းလိုင်း လေယာဉ်အမှတ် ဘိုးရင်း 777-200 ကို ထွက်ခွာရန်ဂိတ်သို့ ဆွဲယူလာစဉ် ဆွဲလာသော ကားအသေးစား မီးလောင်မှုဖြစ်ပြီး လေယာဉ်ဦးခေါင်းပိုင်းကိုပါ မီးဟပ်ခဲ့သည်။


မီးလောင်ကျွမ်းမှုဖြစ်စဉ် လေယာဉ်ပေါ်၌ ခရီးသည်တစ်ဦးမျှ မပါကြောင်း စင်ကာပူလေကြောင်းလိုင်း SIA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စင်ကာပူသတင်းစာ Straits Times သို့ ပြောကြားခဲ့သည်။

လေယာဉ်မှာ ခရီးစဉ်ပြေးဆွဲရန်အတွက် ရပ်နားထားသောနေရာမှ Terminal 3 သို့ လေယာဉ်ဆွဲကားငယ်နှင့် ဆွဲယူလာစဉ် ကားမီးလောင်ခဲ့ပြီး ကားမောင်းသူနှစ်ဦးမှာ အရေးပေါ်တံခါးပေါက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။


လေယာဉ်မှာ ဟောင်ကောင်သို့ထွက်ခွာမည့် ခရီးစဉ်အမှတ် SQ890 အဖြစ်ပျံသန်းရန် စီစဉ်ထားသော်လည်း မီလောင်မှုကြောင့် အခြားလေယာဉ် အစားထိုးခဲ့ရသဖြင့် ခရီးစဉ်မှာ ထွက်ခွာချိန် နံနက် ၇ နာရီ ၄၈ မိနစ်ထက် ၁၃ မိနစ်နောက်ကျခဲ့ရသည်။

SIA မှ အင်ဂျင်နီယာအဖွဲ့က ကားမီးလောင်မှုကို အနီးကပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


29 Nov 2017     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS