BEC-TERO TV

မိုနာကိုအသင်းရဲ့အားကစားဒါရိုက်တာအဖြစ်တာဝန်ယူမည့်အီမန်နာလို

30 Nov 2017     1,341 Views


ချယ်ဆီးအသင်းရဲ့နည်းစနစ်ဒါရိုက်တာဟောင်း အီမန်နာလိုဟာ မိုနာကိုအသင်းရဲ့အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ယခုလအစောပိုင်းက ချယ်ဆီးအသင်းရဲ့နည်းစနစ်ဒါရိုက်တာရာထူးမှနှုတ်ထွက်ခဲ့တဲ့ အီမန်နာလိုဟာ (၂၁) ရက် အကြာမှာမိုနာကိုအသင်းရဲ့အားကစားဒါရိုက်တာဖြစ်လာခဲ့ပါတယ်။အီမန်နာလို ဟာ ချယ်ဆီးအသင်းမှာလိုပဲ ကစားသမားသစ်ခေါ်ယူခြင်းအပါအ၀င် မိုနာကိုအသင်းရဲ့အားကစားဆိုင်ရာကိစ္စအ၀၀ကို တာဝန်ယူ ဆောင် ရွက်သွားမှာဖြစ်တယ်လို့ မိုနာကို အသင်းဘက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
အသက် (၅၂) နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အီမန်နာလို ဟာ ချယ်ဆီးအသင်းကို (၂၀၀၇) ခုနှစ်က နည်းပြအေဂရန်ဂရန့်လက်ထက်မှာ ရောက်ရှိ ခဲ့သူဖြစ်ပြီး၊ယခင်က ချယ်ဆီးအသင်းရဲ့နည်းပြအဖွဲ့နဲ့ ကင်းထောက်အဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါ တယ်။(၂၀၁၁) ခုနှစ်မှာတော့ ချယ်ဆီးအသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး၊ ချယ်ဆီး အသင်းရဲ့အပြောင်းအရွှေ့ ကိစ္စရပ်တွေကို အဓိက တာဝန်ယူထားသူလည်းဖြစ်ပါတယ်။
 
အီမန်နာလိုရဲ့လုပ်သက် (၁၀) နှစ်အတွင်းမှာ ချယ်ဆီးအသင်းရဲ့နည်းပြ အပြောင်းအလဲ (၁၂) ဦးအထိရှိခဲ့ပြီး၊သူ့လက်ထက်မှာချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်ဖလား (၃) လုံး၊FAဖလား (၃) လုံး၊ချန်ပီယံလိဂ်ဖလား (၁) လုံး၊ယူရိုပါလိဂ်ဖလား (၁) လုံးနဲ့ လိဂ်ဖလား (၁) လုံးရရှိခဲ့ပါတယ်။ဒါ့အပြင် ယခုလက်ရှိချယ်ဆီးအသင်းရဲ့အဓိကကစားသမားတွေ ဖြစ်တဲ့ ဟာဇက်၊ကန်တီ၊ကော်တိုရစ်တို့ဟာလည်း အီမန်နာလိုခေါ်ယူပေးခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်။ မိုနာ ကိုအသင်းရဲ့ဒုဥက္ကဌ ဗာဒင်ဗားစလိဗ် ကတော့ အီမန်နာလိုရဲ့ အရည်အချင်းနဲ့ ချယ်ဆီးအသင်းနဲ့ အတူရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ မိုနာကိုအသင်းကိုအနာဂတ်မှာ အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်မှာဖြစ်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
 
 

30 Nov 2017     1,341 Views




RELATED

Most Popular of Football

Most Popular of Sport