BEC-TERO TV

ထိုင်းမိသားစုလေးဦး သတ်ခံရမှုအတွက် မြန်မာနှစ်ဦးကို ထိုင်းရဲအလိုရှိနေ

30 Nov 2017     1,740 Views


နိုဝင်ဘာလ ၂၈ ရက်နေ့ညပိုင်းတွင် ထိုင်းမြန်မာနယ်စပ်အနီး ထိုင်းဘက်အခြမ်းတွင်ရှိသော ရာဘာခြံတစ်ခုမှ အလုပ်းသမားများဖြစ်သည့် ထိုင်းမိသားစု လေးဦးကို သတ်ဖြတ်မှုနဲ့ မွန်တိုင်းရင်းသားနှစ်ဦးကို ထိုင်းရဲအဖွဲ့က အလိုရှိနေကြောင်း သိရှိရသည်။


မြန်မာနိုင်ငံနယ်စပ်နှင့် ကီလိုမီတာအနည်းငယ်ခန့်သာ ကွာဝေးသော ထိုင်းနိုင်ငံ ပကျော့ခီရီခန် ဘန်စဖန်နွိုင်ခရိုင်၊ ကျေးရွာအုပ်စု ၄ မှာရှိတဲ့ ရာဘာခြံအတွင်းရှိ အလုပ်သမားတန်းလျားမှာ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

နာရာသီဝပြည်နယ်က လာရောက်ပြီး ရာဘာခြစ်တဲ့အလုပ်ကို လုပ်ကိုင်သူ နိုင်နမ်ဖွန်ခန်ခုန် အသက် ၃၀ နဲ့ အတူ ဇနီး မုဒါ (၂၇)နှစ်၊ (၅)နှစ်သမီးငယ် တို့အပြင် မုဒါရဲ့ဖခင်ဖြစ်သူတို့ကိုပါ လည်ပင်းလှီးကာသတ်ဖြတ်သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားပါတယ်။


ရဲအဖွဲ့၏ စုံစမ်းစစ်ဆေးချက်တွင် အဆိုပါ အလုပ်သမားတန်းလျားတွင် သေဆုံးသူမိသားစုအပြင် မွန်တိုင်းရင်းသာ နှစ်ဦးပါအတူတစ်ကွနေထိုင်ကြပြီး စကားများရန်ဖြစ်ခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
လူသတ်တရားခံများအဖြစ် သံသယရှိကြောင်း စွပ်စွဲခံထားရသော မွန်တိုင်းရင်းသားနှစ်ဦးမှာ အခင်းဖြစ်ပွားသည့်ညကပင် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ထိုးသတင်းများတွင် ဖော်ပြပါရှိမှုကို SAW မှ ရေးသားဖော်ပြခဲ့သည်။



 


30 Nov 2017     1,740 Views




RELATED

Most Popular of Special or Others

Most Popular of NEWS